Chapter (28.1)

2.8K 426 2
                                    

[Unicode] (28.1)

ကျန်းရှုတစ်ယောက် ရေချိုးခန်းထဲမှာ တစ်ခဏလေး နေပြီးတဲ့အခါမှာတော့ ရှုပေါ်စု က တံခါးကို ဖွင့်ကာ အထဲကို လမ်းလျောက် ပြီးတော့ ဝင်လာခဲ့လေတယ်။

" ကောင်းသော မနက်ခင်းပါ။ ကိုယ်မင်းကို ဘာကူညီပေးရ အုံးမလဲ?''

"!?''

ကျန်းရှုက သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီးမှ မှန်ဘက်ကို ပြန်လှည့်ကာ သူ့သွားတွေကို စတင်တိုက်တော့တယ်။ ရှုပေါ်စုကတော့ အပြင်ကို ပြန်မထွက်သွားတဲ့အပြင် လက်တစ်ဖက်က မျက်နှာသုတ်ပုဝါကို ကိုင်ထား ပြီးတော့ ကျန်တစ်ဖက်က တော့ လက်ပိုက်ထားဟန် လုပ်ထားလေတယ်။

" မင်းလေး......''

" အော့..... ''

ရှုပေါ်စု ပြောမယ့်စကားတွေ က ကျန်းရှုတစ်ယောက် ပျို့အန်လိုက်တာကြောင့် အဆက်ပြက်သွား ခဲ့လေတယ်။

" စတော်ဘယ်ရီလေး မင်းဘယ်နားက မသက်မသာ ဖြစ်နေတာလဲ?''

ရှုပေါ်စုက မေးခွန်းတစ်ခု မြန်မြန်မေးကာ ကျန်းရှု တစ်ကိုယ်လုံး ကို အရင်ဆုံးစစ်ဆေးတော့တယ်။

" အဆင်ပြေတယ်''

ကျန်းရှုက ပါးစပ်ထဲက အမြုပ်တွေကို ထွေးထုတ်ကာ သူ့ရဲ့အသံကတော့ အနည်းငယ် အက်ရှ နေတယ်။

"သွားတိုက်တံ က အထဲကို အရမ်းဝင်သွား လို့ပါ''

" အော်...။ မင်း သေချာဂရုစိုက် မှပေါ့''

ရှုပေါ်စု က စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချကာ ကျန်းရှုရဲ့ နောက်ကျောလေးကို ပုတ်ပေး လိုက် တယ်။

" ပြီးတော့.... မင်းက သူတို့တွေကို... စိတ်တိုင်းမကျဘူး ဆိုရင်လေ ကိုယ် သူတို့ကို ပြန်ခိုင်း လိုက်မယ်လေ...''

" ထွက်သွား စမ်းပါ!''

ကျန်းရှု တစ်ယောက် နောက်ဆုံးတော့ ပါးစပ်ထဲ က ရေတွေကို ထွေးထုတ်ပြီးပြော လိုက်တယ်။ ပြီးတော့ နောက်တစ်ငုံ ယူကာ ရှုပေါ်စု ကို မယုံသင်္ကာနဲ့ ကြည့်ပြီးတော့ ပြောလိုက် တယ်။

" ဘာလို့ ခများက အရမ်းကို ကလိမ်ကျတက်ရတာလဲ?''

မမျှော်လင့် ထားပါပဲနဲ့ အခုချိန်မှာ သူတစ်ယောက် ထဲ အထီးကျန်နေတာ မဟုတ်ဘူး လို့ခံစားလာမိတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now