Chapter (26.3)

3.1K 466 4
                                    

[Unicode] (26.3)

ရှုပေါ်စုက စာရင်းတွေ အများကြီး ကိုယူသွားပြီးတော့ စူပါမားကတ် မှာ လိုးရှင်း ၂မျိူးကို သွားရှာခဲ့လေတယ်။ အဓိက ကတော့ ကိုယ်ခန္ဓာ ကို သန့်ရှင်း စေတဲ့ဟာနဲ့ အတွင်းဝတ်တွေကို လျှော်တဲ့ဟာမျိုးပေါ့။

သူက သူလိုအပ်တာလေးပဲ ဝယ်လာတဲ့ အတွက်ကြောင့် အချိန်က နာရီဝက်ထက်ကို ပိုနည်းနေခဲ့တယ်။

" အရမ်းမြန်တာပဲ?''

ကျန်းရှုက အိမ်ကို ပြန်ရောက်လာတဲ့ ရှုပေါ်စု ကို တစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ ပုံမှန်တိုင်း ပဲမေးလိုက်တယ်။

"  ခများက ဘာကို ဝယ်ဖို့ထွက်သွားတာလဲ?''

" ကိုယ်မင်းကို မနက်ဖြန် ကျရင်ပြောပြမယ်''

ရှုပေါ်စု က တစ်ခဏလောက်တွေး ကြည့်ပြီးတော့ ဒီတစ်ညလုံးကိုလည်း အချိန်မပုတ်သွားစေ ချင်ဘူး။

အခုချိန်ထိ လေထုကောင်းကောင်းလေး  ရှိနေသေးတာပဲ။

" အို... ''

ကျန်းရှု တစ်ယောက် ထပ်မမေးတော့ပေ။

နောက်တစ်နေ့ ရေချိူးခန်းမှာ မျက်နှာသစ် ပြီးတဲ့နောက် ကျန်းရှုတစ်ယောက် ထိုရေချိုးခန်း အသေးလေးထဲမှာ တစ်ခုခုပြောင်းလဲ နေတာကို ခံစားမိတယ်။

သေချာ ဂရုတစိုက် ကြည့်ပြီးတဲ့နောက်မှာတော့ အိမ်သာသုံး စဥ်ပေါ်မှာ ဘူးအသေးလေး ၂ခု တင်ထားတာကိုတွေ့လိုက်ရတယ်။

ကျန်းရှုက ထိုဟာလေးကို အနီးကပ် ကိုင်ကြည့်လိုက်တဲ့ အခါမှာတော့အမျိုးသမီးများ အတွက် XX ဆိုတဲ့စကားလုံးကိုတွေ့ သွားပါတော့တယ် ။

သေစမ်း!

ကျန်းရှုက သူ့ခေါင်းကို လှည့်ကာ ထိုအခန်းထဲကို လမ်းလျောက် ဝင်လာတဲ့ လူကိုကြည့်ပြီးတော့ ချက်ထားတဲ့ ပုဇွန်လိုမျိုး နီရဲလာတယ် ။

" ခများ....ဒီပစ္စည်း လေးတွေ ဝယ်ဖို့ရာ သွားခဲ့တာ ပေါ့လေ?''

" အာ..''

ရှုပေါ်စုက ခေါင်းငြိမ့်ပြ တယ်။

" ခများ မရှက်ဘူးလား? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now