Chapter (23.3)

4.3K 516 5
                                    

{Unicode } (23.3)

" ဒါက မင်းကို အနှောင့်အယှက် များဖြစ်သွားစေလား? "

ရှုပေါ်စုက သူနိုးနေတာကို တွေ့တော့ ဖိနပ်တွေ ဝတ်နေရာကနေ ရပ်သွားလေတယ်။

" ပြန်အိပ်လိုက် အုံးလေ ဟုတ်ပြီ လား?  ညနေခင်းကျမှ ကိုယ်တို့ အတူတူပြန်ကျမယ်လေနော်?''

"ဟမ်?''

ကျန်းရှုက ပြောလိုက်တယ်။

" ဟင့်အင်း။ ကျွန်တော် ဒီနေရာမှာ အဲ့လိုမျိုး မနေချင်ဘူး ။ အချိန် အကြာကြီး နေတာကိုက ဒုက္ခများနေစေပါပြီ''

သူမြန်မြန်လေး ပြန်ချင်နေပါပြီ။

" မင်းကတော့ အရမ်း အားနာတက်တာပဲကွာ ''

ရှုပေါ်စုက ပြုံးလိုက်တယ်။

" ကိုယ်တော့ ကိုယ်တို့တွေ ဒါကို ဂရုမစိုက်သင့်ဘူးလို့ ထင်တာပါပဲ? "

သူ့ကို ကျန်းရှုက ကြည့်ကာ သူကလည်း ကျန်းရှုကျု ပြန်ကြည့် နေတယ်လေ။

ဖိနပ်တွေကို တိတ်တဆိတ်ဝတ်နေတဲ့ ရှုပေါ်စု ရဲ့ လက်မောင်း ကို ကျန်းရှု က အသာလေး ပုတ်ကာ ပြောတယ်။

" သခင်လေး ရေ အလုပ်ကြိုးစား ပြီးတော့ ကျွန်တော် ကို ထောက်ပံ့ပေး ဖို့ငွေများများ ရှာလိုက်ပါ အုံး''

ရှုပေါ်စုက မြန်မြန်ပဲ ပြန်ပြောလာတယ်။

" အိုကေဗျာ ''

" ဒါဆို ကျွန်တော်ပြန်ပြီ ''

ကျန်းရှုက ပြောလိုက်တယ်။

" အိမ်မှာကိုယ့်ကို စောင့်နေနော်''

ရှုပေါ်စုက ဖိနပ်တွေကို မြန်မြန် စီးပြီးတော့ နောက်ဆုံး အနေနဲ့ ဘိုးဘေးလေးကို ထပ်ပြော လိုက်တယ်။

" မင်းပြန်လို့ရှိရင် လမ်းမှာ စျေးကိုဝင်ပြီးတော့ စားချင်တဲ့ဟာကို ဝယ်ထားလေ။ ကိုယ်ပြန်လာရင် ချက်ကျွေးမယ်''

" ကျွန်တော် သိပြီ''

သူက ခေါင်းကို ငြိမ့်ပြကာ ပြုံးပြခဲ့တယ်။ သူကမကြာခင် ပဲအိမ်ကို ပြန်တော့မှာလေ။

" အပြင်မှာ အရမ်းပူတယ် လေ။ ဓာတ်ခွဲခန်း ထဲကို မြန်မြန် ပြန်သွားတော့လေ။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ပြန်လိုက်မယ်လေ။''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now