Chapter (36.4)

3K 430 11
                                    

[Unicode] ( 36.4)

အိပ်ယာပေါ်ရှိ အမျိုးသား ဟာ သူ့ရဲ့ နှလုံးသား နေရာကို ဖြစ်ညှစ်ကာ နောက် လက်တစ်ဖက်က သူ့စတော်ဘယ်ရီလေး ရဲ့လက်ကို ကိုင်ထားရင်း ခက်ခဲစွာ ပြောလိုက် တယ်။

" ကိုယ်တော့ သေသွားပါပြီ''

ပြီးတာနဲ့ ကျန်းရှုက ဆက်မေးလာတယ်။

" အိုး...  ဘယ်လိုများ သေသွားရတာလဲ''

" အေးစက်လွန်းလို့ ကိုယ်သေသွားခဲ့တာပါ''

ရှုပေါ်စုက ပြောလိုက်တယ်။

ကျန်းရှုက ရုတ်တရက်ပဲ သူ့ကိုကန်ချလိုက်တယ်။

" ခများကြီး နေ့တိုင်းပဲ  ငါးအကြီးကြီးတွေနဲ့ အသားတွေ အများကြီး စားထားတယ်လေ။ ပြီးတော့ တစ်ခါတစ်လေ ဆို စွပ်ပြုတ် တွေနဲ့ ထမင်းပန်းကန် အပိုတွေ ဒီလောက်စားနေရတာကို စောစောသေသွား လောက်တဲ့ထိ အားနည်းတယ်ပေါ့လေ။ ''

" ကိုယ်ပြောတာက အစားအသောက် အကြောင်းမဟုတ်ဘူး လေကွာ။ ''

ရှုပေါ်စုက သူ့လက်မောင်း ထဲက အမျိုးသား လေးကိုပွေ့ဖက်ကာ သူအတွက် ဘယ်ဟာက တော့အဆင်မပြေ ဖြစ်နေပါတယ်ဆိုတာကို ပြောပြလေတယ်။

" မင်းက ကိုယ့်ကို အဲ့လိုမျိုးလေး ကိုင်ပြီးလုပ်ပေးနေတယ် ဆိုတာကိုတွေ့လိုက် မိတိုင်း ကိုယ်ရှက်လာမိလို့ပါကွာ''

" အဲ့လောက်ရှက်တက်နေ ရင်လည်း လာ -ိုး မနေနဲ့တော့ ''

ကျန်းရှုက ပြောရင်းနဲ့ အိပ်ယာပေါ် ကိုလှဲချလိုက်ကာ အိပ်ဖို့စတင်ပြင်ဆင်တော့တယ်။

" ကိုယ်ပြောချင်တာက အဲ့တာမဟုတ်ဘူးလေ။ တစ်ကယ်လို့ မင်းသာကိုယ့်ကို လုပ်ခွင့်ပေးခဲ့မယ်ဆိုရင် ကိုယ်လည်း မင်းရဲ့ ပစ်ပယ်ခြင်းမခံရတော့ဘူး လို့ခံစားမိမှာပဲလေ။ ဘာလို့ ကိုယ့်ကို ထိခွင့်မပေးရတာလဲ''

ဒါကမှ အမှန်တရား အစစ်ပဲ။

ဒါကို သူတို့၂ ယောက်လုံးသိထား ပြီးသားတွေပဲလေ။

" ဒါလည်း မှန်တော့မှန်သားပဲ''

ကျန်းရှုက ရှုပေါ်စု ရဲ့ ရင်ဘက်ကို ပုတ်ကာပြောတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now