Chapter (12.1)

5K 743 25
                                    

{Unicode } (12.1)

ထိုနေ့က နေ့လည်ခင်း မှာ ဖြေခဲ့တဲ့ စာမေးပွဲ က ကောင်းမွန်စွာနဲ့ ပြီးဆုံး သွားခဲ့တယ်။ ဒါကြောင့် ကျန်းရှုက သူ့ရဲ့အိပ်ဆောင် ဆီကို ပြန်လာပြီးတော့ ထိုနေရာမှာ ၄ ညအိပ်ဖို့သာ ပြင်လိုက်တော့တယ်။

ကန်တင်းမှာ စားသောက် ပြီးတဲ့နောက် သူက အိပ်ဆောင်ဆီကို ပြန်လာခဲ့တဲ့ အခါ သူ့ရဲ့ အခန်းဖော်တွေက သူ့ကို ဖော်ရွေစွာ ကြိုဆိုကြတော့တယ်။

" အိုး ပျောက်ဆုံး သွားတဲ့ လူတောင် ပြန်လာပြီ ပေါ့လေ။? "

" မင်းက ဂိမ်းဆော့ဖို့ ပြန်လာတာလား? "

" လာစမ်းပါကွာ! "

ကျန်းရှုက သူလွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတည်းက မထိရသေးတဲ့ ကွန်ပြူတာ ကိုဖွင့် လိုက်ကာ လောင်နျို (နွားကြီး)  နဲ့ စစ်ယန် (လေးလုံး ) တို့ရဲ့ နောက်ကို လိုက်ပြီး လမ်းမပေါ်တက်လိုက် တော့တယ်။ ပြီးတော့ သူတို့ ၃ ယောက်က အတွဲ ညီညီ နဲ့ကစား ကြလေတော့တယ်။

" ဒီညတွေ မှာ မင်းကဘယ်နေရ မှာနေခဲ့တာလဲကွ? "

နွားကြီး က မေးလိုက်တယ်။

" မင်းက သူငယ်ချင်း အသစ်တွေ ရှာဖို့ ထွက်သွား တာလား? "

လေးလုံးကလည်း ပြောလာတယ်။

" မဟုတ်ဘူး ဟေး။ ငါ့အဖေက မင်္ဂလာ ဆောင်သွားလို့ ''

ကျန်းရှုရဲ့ လက်ချောင်းလေး တွေက ကီးဘုတ် ပေါ်မှာ ကျွမ်းကျင်စွာ ပြေးလွှားနေ ကြတယ်။

" ငါသောက်ရမ်း ရူးတော့ မလိုပဲကွ။ သိရဲ့လား ။ သူ့မိန်းမနဲ့ မယားပါ သားကို ငါက၂ ရက်တောင် ကြည့်နေခဲ့ရတာ ''

" အဲ့တာဆို နောက်ခါ သူတို့ဆီ မသွားနဲ့တော့ပေါ့ကွ ''

ကျန်းရှုမှာ အရင်က ဆန်ကုန်မြေလေး ရည်းစား တစ်ယောက် ရှိတယ်ဆိုတာကို သူ့ရဲ့ အခန်းဖော်တွေက မသိကြလေဘူး။ ဘာလို့လဲ ဆိုတော့ အဲ့ဆန်ကုန်​မြေလေး ကောင်က ကျန်းရှုကို မကြာခဏ မဆက်သွယ် လို့ပဲ ဖြစ်တယ်။

" ငါကတိပေး ရဲတယ် ''

ကျန်းရှုက ဆော့နေရင်း ပြောလိုက် တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now