Chapter (30.2)

2.8K 384 4
                                    

[Unicode] (30.2)

ကျန်းရှုက သူရှက်တယ်လို့ ခံစားနေရတယ်။ သူတို့ ၂ ယောက် က အတူရှိစေဖို့ လက်ထပ်စာချုပ် တောင်ရပြီး ဖြစ်ပေမယ့် လည်း သူကအခုတော့ သူ့အလုပ်ကို တစ်ဖက်ကလူက လုပ်ပေးနေရတယ်။ သူကတော့ တစ်ဖက်လူရဲ့အသီးအပွင့်တွေကို အသာလေးရိတ်သိမ်းနေရတယ်လေ။

" ဒီမှာရပါပြီ။ ''

ရေးထားတဲ့ မူကြမ်းကို အသဲပုံ USB ထဲမှာ ထည့်ပြီးတော့ ကျန်းရှုရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။ ကျန်းရှု က အဲ့ နှလုံးသား ပုံကြီးကို ကိုင်ကာ ကြောင်အမ်း နေလေတယ်။

" ဒါက အပြည့်အစုံ လား?''

" မင်းလေးက ဘာထပ်လိုချင်သေးတာလဲ? "

ရှုပေါ်စုက ပြုံးလိုက် တယ်။

" ကိုယ်က တစ်ခုခု ချန်ထားခဲ့မှာကို စိုးရိမ်လို့လား?''

" အဲ့လို မဟုတ်ဘူးလေ။ လူတစ်ဦး ရဲ့အကြောင်းကို ပိုပြီးဖော်ထုတ်ခံရလေလေ အဲ့လူရဲ့တန်ဖိုးက လျော့ကျသွားလေလေ မလား?''

ကျန်းရှုက စာမူကြမ်းUSB ကြီးကို ကိုင်ကာ အကြောင်းအမျိုးမျိုး တွေတွေးနေခဲ့ကြတယ်။

" ဒါက ဘာလဲဆိုတော့ ဖော်ထုတ်ခံလိုက်ရတဲ့ လူမှာ အဲ့လောက်ထိပဲ တန်ဖိုးက ရှိတာမလို့လေ''

ရှုပေါ်စု က နူးညံ့ စွာပြုံးပြီးတော့ ပြောလာတဲ့ အသံကလည်း ရူးလောက်အောင် ကောင်းနေလေတယ်။

" ကိုယ်က အပြစ်ကင်း ပြီးပြီးပြည့်စုံတယ်လေ။''

ကျန်းရှု တစ်ယောက် မူးမေ့သွားစေ တယ်။

ဒါပေမယ့် သူပြောတာလည်း မှန်နေတာပဲ။

ဘာအမှားတစ်ခုမှ မရှိဘူး။

" ကောင်းပြီလေ။ ခများပြောသလိုပဲ နောက်ဆုံးတော့ ခများက လူကောင်ကြီးပေါ့လေ''

" ဒါဆို ကိုယ်တို့ ဒီနေ့ည စောစော အိပ်ယာ ဝင်ကြမလား?''

( ဆိုင်လို့လား? )

ရှုပေါ်စု က သူ့ရဲ့ ကွန်ပျုတာ ကော ကျန်းရှု ရဲ့ ကွန်ပြူတာ ကိုပါ ပိတ်လိုက်တယ်။ ပြီးတော့ ကျန်းရှုကိုပွေ့လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now