Chapter (29.3)

2.8K 378 1
                                    

[Unicode ] (29.3)

ကျန်းရှုက အတော့်ကို ရိုးသားလိုက်တာပဲ ဖြစ်တယ်။ သူကလူတွေကို အပိုတွေမပြောတက်ဘူး။ အဓိက ကျတဲ့ဟာတွေကိုပဲ ပြောတယ်။ သူကတော့ သူ့ကိုယ်သူ စကားပြော​ဖော် ကောင်းတစ်ယောက် ဖြစ်တယ်လို့ မှတ်ယူထားတာပဲ။

ဘာမှစဥ်းစားမနေပဲ အိပ်ယာပေါ်ကို တစ်ခဏလှဲချလိုက်တယ်။ ပြီးမှ ထကာ စားဖို့ထွက် ပြီးတော့ ရေချိူးလိုက်တယ်။ အမှန်တိုင်းပြောရရင် မနေ့ညကတည်းက သူဆေးကြောချင်နေခဲ့တာ။ ဒါပေမယ့် မထနိုင်တဲ့အဆုံးမှာ​တော့ ရှုပေါ်စု ကပဲသူ့ကို ရေစိုဝတ်နဲ့ သုတ်ပေးခဲ့ရတော့တာပဲ။

" ငါသေသာသေလိုက်ချင်တယ် ......''

ကျန်းရှုက သူ့အပေါ် မှာထားတဲ့ ရှုပေါ်စု ရဲ့အချစ်တွေကို ခံစားမိလေတယ်။

ကျွတ်စ်..ဆေးအဆီတွေက အရမ်းကို ထူထဲနေတော့တာပဲ။

ထိုအကြောင်း ကိုမတွေးတော့ပဲ သူက ချက်ချင်း ဆေးကြောလိုက်တယ်။ နောက်တော့မနေ့ညက ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးအမှတ်ရသွားတယ်။

ကျန်းရှု: '' ကျွန်တော် ဒဏ်ရာတော့ မရသွားပါဘူးဗျာ။ ခများက အဲ့နေရာကို ဆေးလိမ်းမလို့လား?''

ရှုပေါ်စု: '' အပေါ်ယံ မျက်နှာပြင်မှာ ဘာဒဏ်ရာမှ မရှိပေမယ့် အထဲက အတွင်းသားတွေ ရဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ဒဏ်ဖြစ်သွားတယ် ထင်တာပဲ။ ဒါက အရမ်းကို နီရဲနေတယ်လေ။ ''

ကျန်းရှု: '' အစကတည်းက အဲ့နေရာက နီရဲနေတာကို ''

ဟုတ်ပါတယ် ။ ဒါကို ခများသိပါစေ လို့ပဲကျွန်တော် မျှော်လင့်ပါတယ် ။

ရှုပေါ်စု: ''ဟုတ်တယ်လေ။ ဒါပေမယ့် အစက အနီဆိုရောင် ဖျော့ဖျော့လေးလေ အခုက တအားကြီး နီရင့်နေပြီကို။ ကွာခြားသွားတယ်မ ဟုတ်လား ။ ''

ကျန်းရှု: ''............''

..................

ကျန်းရှုတစ်ယောက် ရေချိုးပြီးနောက် မျက်နှာကို သုတ်ကာ ဆံပင်အစိုနဲ့ လေအေးပေးစက် ဖွင့်ထားတဲ့ အိပ်ခန်းထဲကို ဝင်လာခဲ့တယ်။ တစ်ခဏကြာတော့ ရှုပေါ်စုက အိမ်ထဲကိုဝင်လာကာ အိပ်ခန်းတံခါး ဖွင့်လိုက်တော့ သူ့မိန်းမလေး အိပ်ယာနိုးနေပြီ ဆိုတာကိုတွေ့လိုက်ရတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now