Chapter (16.2)

4.7K 646 1
                                    

{Unicode }(16.2)

" ညကျရင် ခများက ဘာတွေ လုပ်နေတာလဲ ဗျ ?''

စာမေးပွဲ ပြီးသွားတဲ့နောက် ဘဝကြီးကပျင်းစရာ ကောင်းတယ် လို့ ကျန်းရှု တစ်ယောက် ရုတ်တရက်  တွေး မိသွားတယ်။ ပြီးတော့ နွေရာသီအားလပ်ရက် အတွက် အလုပ်တစ်ခု ရှာတာ ပိုကောင်း မယ်လို့ ခံစားမိ တယ်။

" ပစ္စည်းတွေ ကို ကြည့်ပြီး လေ့လာနေတယ် ''

ရှုပေါ်စု ပြောပြီးနောက် ကျန်းရှုက မျက်တောင် ခက်လာလေတယ်။

" ဒီကိုလာခဲ့ ''

" ဘာကြီးလဲ ?''

ကျန်းရှုက သူ့နောက်က နေလိုက်လာကာ စာကြည့်ခန်း ထဲကို လိုက်ဝင်လာလေတယ်။ ပြီးတော့ ခုံ ၂ ခုံကို ဘေးချင်းကပ် ထားတာကို တွေ့လိုက်ရတယ် ။

" ဒီနေ့ မားကတ်မှာ အရောင်းချ နေလို့ ကိုယ်ဝယ်လာ ခဲ့တာ။ ''

ဒီခေါက်လို့ရတဲ့ ခုံကို ရှုပေါ်စု က မနက်တုံးကမှ ရွေ့လာတာ ဖြစ်ပြီးတော့ အဲ့တာက လူတစ်ဦး လုံး တက်အိပ်လို့ရသည် အထိကျယ်လေတယ်။

" ဒါက အရမ်းကို လေးနေတာပဲရော။ ဒါကို ခများက ဘယ်လိုရွေ့တာလဲ? အင်း စားပွဲခုံလေး ကတော့ မဆိုးပါဘူး ''

ကျန်းရှု က ရေခဲမုန့်ကို တစ်ကိုက် ကိုက်ကာ စားလိုက်တယ်။

" ဒါပေမယ့် နေရာ အထားအသိုကတော့ ပြဿနာ ရှိတယ်ဗျ ''

" ဘယ်လို ပြဿနာ ရှိတာလဲ? "

ရှုပေါ်စုက သူ့ကိုကြည့် လိုက်တယ်။

" ဒါတွေကို ဟိုဘက် ဒီဘက် ခွဲပစ်သင့်တယ်ဗျ ''

ကျန်းရှုက လက်ညိုး လေး တစ်ထိုးထိုးနဲ့ ပြောလိုက်တယ် ။

" ကျွန်တော် က စာလည်း မဖက်သလို စာလဲ မလေ့လာဘူးဗျ။ ဂိမ်းပဲဆော့မှာ ''

စားပွဲခုံတွေကို အတူထားလိုက် ရင် အကျိူးရလဒ် ကတော့ သူတို့တွေ ဘေးချင်းကပ် ထိုင်နေရမှာပေါ့။

" မင်းလေး ဘာကို ပြောချင်တာ လည်းဆိုတာ ကို ကိုယ်သိပြီ ''

ရှုပေါ်စု က စားပွဲကို ကိုင်ထားကာ အကြံကြီးနဲ့ ပြုံးပြလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now