Chapter (40.2)

3K 399 1
                                    

[Unicode] (40.2)

ကျန်းရှုက ရှုပေါ်စုကို သံသယတွေနဲ့ ကြည့်လိုက်တယ်။

ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ဘာတွေ မှားနေမှန်း လည်း ကျန်းရှုမတွေးတက်တော့ပေ။ ရှုပေါ်စု ကတော့ ခေါင်းကို ပေါ့ပါးစွာပဲ ငြိမ့်ပြလိုက်တယ်။ သူက အခု အချိန်မှာ အတော်လေး ရှက်မေပေမယ့် အပြုံးချိုချိုလေး ကိုတော့ အခုထိထိန်းထား နိုင်နေဆဲပါပဲ။

" ကောင်းပြီလေ''

ကျန်းရှု က တိုးတိုးလေး ရေရွတ် လိုက်တယ်။ ရှုပေါ်စု ကကျန်းရှုရဲ့ လက်ကိုကိုင်ထားရာ ကနေလွတ်ပေးလိုက် ပြီးတော့ လင်ဗန်းပေါ်မှာ သယ်လာတဲ့ရေနွေးအိုး လေးကိုကိုင်ကြည့်လိုက်တယ်။ အပူချိန်ကတော့ ကိုင်ဖို့အတော်လေး သင့်တော်တဲ့အနေ အထားပါပဲ။ ဒါကြောင့်မို့ ရှုပေါ်စု က ထိုရေနွေးအိုးလေးကို ကျန်းရှုရဲ့ လက်ထဲ ယူပြီးထည့်ပေးလိုက်တယ်။

" ကျေးဇူး ''

ကျန်းရှုက ရေနွေးအိုးလေးကို စားပွဲပေါ်တင်ထားတဲ့ ရေနွေးခွက်ထဲကို လောင်းထည့်လိုက်တယ်။ ထိုအရာကို သူစလုပ်ပြီ ဆိုကတည်းက ထိုင်ခုံမှာထိုင်နေတဲ့ အမျိုးသမီးကြီးဟာ အတော်လေးကို ပျော်ရွှင် နေခဲ့တယ်။

နောက်ဆုံးတော့ သူမက ယောက္ခမ တစ်ယောက် ဖြစ်လာခဲ့ပြီ။

ဘေးက ဝိုင်းကြည့်နေကြတဲ့ အိမ်အကူတွေကလည်း သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေကိုတွေ့တော့ အရမ်းကိုအံ့သြ သွားကြတယ်။

ကျန်းရှုက ထိုရေနွေးခွက်လေးကို လက်၂ဖက်နဲ့ ယူပြီးတော့ ရှုပေါ်စု ရဲ့အဖေဆီကို သွားကာ ခင်းပေးထားတဲ့ ကူရှင်ပေါ်ကို ဒူးထောက်ပြီး ရိုရိုသေသေ ကမ်းပေးလိုက်တယ်။

တစ်ဖက်ကလည်း အပြုံးလေးနဲ့ ရေနွေးခွက် ကိုယူကာ သောက်လိုက်ပြီးတော့ ခွက်ကိုဘေးနားတင်ကာ စားပွဲပေါ်က စ်ာအိတ်နီကို ပြန်ပေးလေတယ်။

" ကျွန်တော့်ကို ပေးကမ်းလို့ ကျေးဇူးတင်ပါတယ် အဖေ''

ကျန်းရှု ဘေးကလူကတော့ တိတ်တဆိတ်ပဲ ပါးစပ်ကို ပိတ်ထားလိုက်တော့တယ်။ ရှုပေါ်စုက ထိုမြင်ကွင်းကို တွေ့ပေမယ့် လုံးဝမရယ်မိပေ။ နောက်တော့ ရှုပေါ်စု က သေသေချာချာ ခေါင်းညွှတ်လိုက်ပြီးတော့ နောက်စာအိတ် တစ်ခုကိုလက်ခံလိုက်တယ်။ ပြီးတော့ သူက အက်ကွဲနေတဲ့အသံနဲ့ ပြောလိုက် တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now