Chapter (20.2)

4K 666 17
                                    

[Unicode ](20.2)

ထိုစုံတွဲ ၂ ယောက် စကားပြောပြီး ကြတဲ့နောက် ရှုပေါ်စု က ကန်တင်းကို သွားကာ ပရော်ဖက်ဆာလီ နားမှာ ထိုင်လိုက်တယ်။

ပရော်ဖက်ဆာလီ က ရှုပေါ်စု ကို အလုပ်အတွက် ပြောချင်ပေမယ့်  သူ့ဖုန်းကို ကြည့်နေတာကို တွေ့လိုက်ရ တော့ ခေါင်း ကိုခါမိလေတယ်။

" လူငယ်တွေ ကတော့ ကွာ ''

ပရောဖက်ဆာလီ က ညည်းတွား လေတယ်။ ထိုအသံကိုလည်း ရှုပေါ်စု ကြားရော သူက ပြုံးလေတယ်။

" ကျွန်တော့်လက်တွဲဖော်က အိမ်မှာကျန်နေခဲ့တာလေ။ ပြီးတော့ သူက ဟင်းကို ဘယ်လိုချက်ရမလဲဆိုတာကို မသိဘူးဗျ။ ဒါကြောင့် ကျွန်တော် က သူ့အတွက် အော်ဒါမှာပေးနေတာလေ ''

" စီနီယာ အကိုရှုက ယောင်းမ အပေါ်ကိုဆို အရမ်းကြင်နာပေးတာပဲနော် ''

ယဲ့စန်းလန်က အားကျခြင်း မရှိပါပဲ နဲ့ပြောလိုက်တယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်း က သူမရဲ့ အမျိုးသား နတ်ဘုရား မှာ အိမ်ထောင် ရှိပြီးသားဆိုတာကို သူမလက်ခံလိုက်ပြီလေ။

" တကယ်လို့ ကိုယ်သာ သူ့ကို ကောင်းကောင်း မဆက်ဆံ ရင်သူက ကိုယ့်ကို ထားပြီး ထွက်ပြေး သွားလိမ့်မယ်။ ''

ရှုပေါ်စုရဲ့ အသံက အရမ်းကို အလိုလိုက် ဟန်ပေါ်နေလေတယ်။

"ယောင်းမက စာသင်နေဆဲပဲလား? "

ယဲ့စန်းလန်က စပ်စုလိုတာကြောင့်မေး လိုက်တယ်။

" အင်း သူက အခုမှ ဂျုနီယာ နှစ်ပဲ ရှိသေးတာလေ။ ''

ရှုပေါ်စု က ဖြေပေးရင်း ကျန်းရှု အတွက် လည်းအော်ဒါမှာပေး နေခဲ့တယ်။ ပြီးတော့ သူက ကျန်းရှု ဆီ စာတစ်စောင် ပို့ကာ အစားအသောက် ကို ဆက်စားနေခဲ့တယ်။

" အကိုက ဂျူနီယာ နှစ်က လူနဲ့ လက်ထပ်ထားတာ! "

အိုက်ယား အသက်က တော်တော်ကွာတာပဲ။ နေပါဦး ။ ယဲ့စန်းလန်က သူမရဲ့ လက်ချောင်း လေးတွေကို ချိုးပြီးတော့ ရေတွက်ကြည့်ခဲ့တယ်။

အမလေး သူမရဲ့ အမျိုးသားနတ်ဘုရား က သူမ ယောင်းမထက် အနည်းဆုံးတော့ ၅ နှစ် ၆ နှစ်လောက် တော့ကွာမှာပဲ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now