Chapter 6.3

6.2K 909 19
                                    

[Unicode ](6.3)

"....... ''

သူဟာ ကျန်းရှုကို ကိုယ်ထိ လက်ရောက် နှီးနှောခဲ့တဲ့ သူဆိုတာကို ပြောပြ ချင်ပေမယ့် ပါးစပ်နားရောက့တဲ့အချိန်မှာ စကားလုံးတွေကို ပြန်လည် မျိုချလိုက်တော့တယ်။

ဒီကလေးဟာ သူနဲ့ အရမ်းကြီး ရင်းနှီး နေသေးတာ မဟုတ်ကြောင်း သူ့ဘာသာပြန်သတိပေးနေ ရလေတယ်။

ထိုလူက အရမ်းပျင်းစရာ ကောင်းတယ်ဆိုတာကို ကျန်းရှုက တွေးလိုက်ကာ ရေလေး တစ်ငုံသောက် လိုက်ကာ ခေါက်ဆွဲကိုပဲ ဆက်စားနေခဲ့တယ်။ လက်မှုပညာ အုပ်စု က မင်းသားလေးက အတက်နိုင်ဆုံး ချက်ကျွေးမှတော့လည်း သူက စားပေးရတော့မှာပေါ့လေ။ မစားနိုင် စရာအကြောင်း မရှိပါဘူး ။

ရပ်လိုက် (ကဒ်) !

အဲ့လူက သူ့ကို အိမ်ကနေ ဆင်းလာတယ် ဆိုတာ လိမ်ပြောတာပဲ ဖြစ်ရမယ်။ ဒီလိုနောက်ခံ မျိုးရှိတဲ့အိမ်တော်က မင်းသားလေးကို သူ့မိသားစု က မောင်းထုတ်မယ် ဆိုတာဝေးသေးတယ်။

ကျန်းရှုဟာ ဗိုက်ပြည့်သွား အောင်အထိစားလိုက်ပြီးတော့ အိပ်ယာပေါ် တစ်ဖန်ပြန်လိမ့်ကာ ရှုမိသားစု ရဲ့ တစ်ချို့ သော အကြောင်းအရာတွေကို ရှာဖွေတော့တယ်။

ဥပမာ ရှုမိသားစု မှာ သားတွေ အများကြီး ရှိနေသလား ဆိုတာကိုပေါ့။ မစစ်ဆေးကြည့်ရသေး တုံးကတော့ သူမသိခဲ့ဘူး။ စစ်ဆေးပြီးတဲ့နောက် သူက အရမ်းကိုအံ့သြ သွားလေတယ်။

ရှုပေါ်စု ဟာ ရှုအိမ်တော်ရဲ့ တစ်ဦးတည်းသော မြေးယောကျာ်းလေး ဖြစ်ပြီး တော့ လိင်တူကြိုက်တဲ့ လူတစ်ဦး လည်း ဖြစ်နေပါသေးတယ်။

ကျန်း ဝက်ဆိုးကောင်ကြီး ရှုက ရှုမိသားစုရဲ့ အဖိုးတန် မုန်လာဥ လေးကို စားမိခဲ့လို့ စိုးရိမ်နေခဲ့ပေမယ့် ထိုမုန်လာဥလေးက ရှုမိသားစုကို အရှက်ရအောင် လုပ်ထားမှန်းသိလိုက်ရတယ်။

ကံကောင်းစွာပဲ ရှုမိသားစု မှာ ရှုပေါ်စု ထက် အဆ ၁၀၀ လောက်ပိုပြီး လှပတဲ့ အနုပညာရှင် အမ ဖြစ်သူ ရှုယုချင်ရှိနေသေးတယ်လေ။ သူမက နာမည် ကြီး နိုင်ငံခြားက အနုပညာ တက္ကသိုလ် ကနေ Ph D ဘွဲ့ကို ၂ ထပ်ကွမ်း ရထားသူ ပဲဖြစ်တယ်။ ဒါ့အပြင် 'highest end ' ဆိုတဲ့ ဇိမ်ခံအသုံးအဆောင် လုပ်ငန်းစုကို စတင်တည်ထောင် သူလည်း ဖြစ်လေတယ်။ တစ်ကမ္ဘာလုံး ထိပ်တန်း အလှမယ် အယောက် ၂၀ စာရင်းဝင် ခဲ့ပြီးတော့ တရုတ်မှာသာ မက ပြည်ပနိုင်ငံများမှာပါ နံပါတ် ၁ ဆိုတဲ့ စံချိန်တွေကို ခဏတိုင်း ချိုး နိုင်ခဲ့တဲ့ အမျိုးသမီး မော်ဒယ် တစ်ယောက် လည်း ဖြစ်ပြန်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now