Chapter (21.2)

3.9K 534 3
                                    

{Unicode }(21.2)

ရှုပေါ်စုက ကျန်းရှုကို သစ်ပင်တွေ အရိပ်များများ ရှိတဲ့နေရာဆီကို ဆွဲခေါ်လာလေတယ်။

" ဒီနေရာက တကယ့်ကို မှောင်တာပဲ''

" ဒါပေမယ့် ခများပဲ ကျွန်တော်ကို ဆွဲခေါ်လာတာပဲလေ။ ''

ကျန်းရှုက ပြောလိုက် တယ်။

" ဘာလဲ မင်းက ကြောက်လို့ လား?''

ရှုပေါ်စု က ကျန်းရှုရဲ့ လက်ကို ထပ်ကိုင်လိုက်တယ်။

" တစ်ကယ်လို့ မင်းကြောက်နေရင် ကိုယ်တို့ တစ်ခြားနေရာကို သွားတော့မယ် ''

"အဆင်ပြေပါတယ် ''

ကျန်းရှုက ပါးစပ်က ပြောနေပေမယ့် လည်း လက်ကတော့ မသိလိုက်ပါ ပဲနဲ့ ခပ်တင်းတင်း ဆုပ်ကိုင် ပေးထားတယ်။ ရှုပေါ်စု ရဲ့ နှုတ်ခမ်းထောင့် တွေက ကွေးတက် သွားတယ်။

" မင်းပြော ..... ဒီနေရာမှာ ကိုယ့်ကို နမ်းရဲသလား? "

"ဟမ်? "

ညနေခင်းမှာ ပိုမှောင်လာတယ်။ ဒါကြောင့်မို့ ကျန်းရှု ရဲ့ အာရုံ တွေက တစ်ခြား ဆီရောက်နေလေတယ်။

ငါလိုးတဲ့မှ!

ငါတစ်ကယ် ကြောက်တာက အမှောင်ထဲ ကနေ တစ်စုံတစ်ခု ခုန်ထွက် လာမှာကိုပဲ!

ကျန်းရှု တစ်ယောက် သူတို့ ၂ ယောက်ကြားဆီကို စိတ်ပြန်မလည်လာသေးပါဘူး ။ သူ့ရဲ့ နောက်ကျောက ပင်စည်ကို ထိသွားတဲ့ အချိန်အထိပေါ့လေ။

အနမ်းလား?

ဒီလောက် မှောင်နေတဲ့ နေရာမှာလား?

ရှုပေါ်စု က ခေါင်းကို ငုံ့ကာ ကျန်းရှုရဲ့ နှုတ်ခမ်းလေးတွေကို နမ်းကာ ပါးစပ် ကိုပါ ပွင့်သွား စေတယ်။

ဘေးပတ်ပတ် လည်မှာ အမှောင်တွေနဲ့မို့ ကျန်းရှုတစ်ယောက် သရဲတွေကို ကြောက်နေတုံး နောက်တစက္ကန့်မှာပဲ သူ့ကို ရှုပေါ်စုက နောက်ကမ္ဘာ တစ်ခု ဆီကို ခေါ်သွားလေတယ်။

ကျန်းရှု ရဲ့ လက်ချောင်း တွေက မရယ်ရွယ်ပါပဲနဲ့ ရှုပေါ်စုရဲ့ အဝတ်တွေကို တင်းတင်း ကိုင်ထားမိရင်းနဲ့ ထိုအချိန် မှာတော့ ရှုပေါ်စု က လုံခြုံမှုကို အပြည့် အဝ ပေးစွမ်းနိုင်တဲ့ အရင်းအမြစ်တစ်ခု ဆိုတာကိုတော့ သူဝန်ခံရလိမ့်မယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now