Chapter (19.2)

4.2K 542 4
                                    

{Unicode }(19.2)

ဘာလို့ သူက လူတိုင်းရဲ့ အတွင်းထဲက ကမ္ဘာ တွေကို နားမလည်ချင်လို့ ပဲ ဖြစ်တယ်။ ပြဇာတ် ပြီးသွားတဲ့နောက် ကျန်းရှုက ဧည့်ခန်း ထဲကနေ လေမှုတ်စက် သံတွေကို ကြားနေရတယ်။ မျက်နှာ မဆွဲရသေးတဲ့ ခက်မိုက်မိုက် အမျိုးသားရဲ့ ပုံကို ကျန်းရှုက လုံးချေကာ အမှိုက်ပုံးထဲ ကို ထည့်လိုက်တယ်။ ဘာလို့လဲ ဆိုတော့ ပန်းချီ က တကယ့် လူ အစစ်နဲ့ နှိုင်းယှဥ်လို့ မရလို့ပဲ ဖြစ်တယ်။ ပန်းချီကို ကြည်ရတာ ဘာခံစားချက်မှ မရှိဘူး။ ဒါပေမယ့် လူအစစ်ကတော့ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းနေတယ်လေ။

ရှုပေါ်စု က စာကြည့်ခန်း ထဲကို ပြန်ဝင် လာခဲ့တယ် ။ ဒါပေမယ့် သူက ဘောင်းဘီ ရှည်တွေကိုသာ ဝတ်ထားပေမယ့် သူက အပေါ်က ရှပ်အင်္ကျီ မပါပဲ လက်မောင်းနဲ့ ကျောဘတ် ရင်ဘက်တွေကို ဖွင့်ဟ ပြသထားလေတယ်။

ကျန်းရှုက ထိုအရာကို အရှက်မဲ့တယ် လို့ခံစား ရပေမယ့်လည်း တစ်ဖက်က လူက သူ့ရှေ့မှာ ချွတ်ထား ရတာက သာမန် ဖြစ်ရိုးဖြစ်စဉ် လို့ပဲ ယူဆဟန်တူပါတယ်။

" မင်း ဘာတွေ တွေးနေပြန်ပြီလဲ? "

ရှုပေါ်စုက ရေချိုးပြီးတဲ့နောက် တော့ သူ့အသံက ပျင်းရိနေဟန်ပေါ်ကာ နူးညံ့ပြီး အကြည့်တွေက အစ ပျော့ပျောင်း နေလေတယ်။

အိုက်ယား ဒီလောက် ကြည့်ကောင်းတဲ့ လူတစ်ဦး ကို စိတ်အနှောက်အယှက် ဖြစ်တယ်လို့ ​ပြောရဖို့ အတော်လေး ခက်ခဲတာပဲ။ အဲ့လိုမဟုတ်ပဲ ဒီလိုပြောရမယ်။ ကျန်းရှု အနေနဲ့ ရှုပေါ်စု ကို မကြိုက်အောင် ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ခံစားရတယ် ဆိုပြီးပေါ့။

" ဟမ်? "

ကျန်းရှုက ရှုပေါ်စုရဲ့ ဘောင်းဘီ အောက်က အမတ်ငယ်လေးကို မမျှော်လင့်ပါပဲနဲ့ ကြည့်လိုက်မိတယ်။ ရှင်းရှင်းပြော ရရင် စိုက်ကြည့်နေမိတာက အတော့်ကို ရယ်စရာ ကောင်းတယ်။ ဒါပေမယ့် အဲ့တာကို သူကြိုက်တယ်လေ။

ဟီးဟီး.....

မျက်စိအရမ်း စားတာပဲ။

[😐😐]

"မင်းလေး က ဘဝအကြောင်း မစဥ်းစား တော့ဘူးလားကွ? "

ရှုပေါ်စု က ကျန်းရှု ရဲ့ မေးစေ့ကို လက်နဲ့ပင့်မကာ မျက်လုံး ထဲကို စိုက်ကြည့် လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now