Chapter (28.2)

2.8K 426 12
                                    

[Unicode] (28.2)

" ဂုဏ်ယူပါတယ် နော် ကျန်းရှု''

" ကျေးဇူးပါ အကိုရှန်''

ကျန်းရှုက ပြုံးကာ လက်ဖက်ရည် ကိုနောက်တစ်ငုံ သောက်လိုက် တယ်။

အပြင်မှာ တည်ငြိမ် နေပေမယ့် သူ့စိတ်ထဲ မှာတော့ အကြိမ်ပေါင်း ထောင်ချီဆဲနေပါပြီ။

' ကျေးဇူးပါ ' ဆိုတဲ့ စကားကို ၃ ခါကြီးတောင်ဆက်တိုက် ပြောခဲ့တာလေ။

ဒါက အရမ်းကို ရူးမိုက်နေတဲ့ ပုံမပေါ်ဘူးလားးးး အားးးးး။

"ဟုတ်သား ဒါနဲ့ မင်းတို့က ဘာလို့ ရုတ်တရက်ကြီး လက်ထပ်လိုက်ကြတာတုံးကွ။ ''

လုခယ်ကစကားပြောဝိုင်းထဲကို ခုန်ဝင်လာကာ ကျန်းရှုကို စိုက်ကြည့်လိုက်တယ် ။

" ငါမှတ်မိတာကတော့ မင်းတို့တွေ့ကြတာ လဝက်တောင် မရှိသေးဘူး မဟုတ်ဘူး လား? "

" ဒါဆိုရင် တော့မင်းရဲ့ မှတ်ဉာဏ်က အတော်လေးကောင်းတာပဲကွ။ ''

ရှုပေါ်စုက လက်ဖက် ရည် တစ်ငုံသောက်ကာ ပြောလိုက်တယ်။

" လတစ်ဝက်တောင် မရှိသေး ပါဘူးဗျာ''

ကျန်းရှုက သူတို့ကို အမှန်ပြင်ပေး လိုက်တယ်။

" ၁၅ ထက်တောင် နည်းသေးတယ်လေ။ ''

ရှုပေါ်စုက သူ့ကို ချက်ချင်း စိုက်ကြည့် လာတယ်။

"K ကို တက်တဲ့ ကျောင်းသားတိုင်းက မြင့်မားတဲ့ ဉာဏ်ရည်ရှိတယ်လေ။ ဒါကြောင့်မို့ ကျွန်တော် ပြောနိုင်တာပေါ့ဗျာ''

အခု ကျန်းရှုရဲ့ ပုံစံ က' ခများတို့ ဘာတွေးနေလဲ ဆိုတာကို ကျွန်တော်သိတယ် ' ဆိုတဲ့ ပုံလေးပဲ ဖြစ်နေလေတယ်။

ဒါပေမယ့် တကယ်တော့ သူလုံးဝကို မှတ်  မိ   မ နေပါ ဘူး။

"ကိုယ် သိပါတယ်ကွာ''

ရှုပေါ်စုက လက်ဖက်ရည် ခွက်ကို ချကာ ရှန်ဖေးကျီး နဲ့ လုခယ်ကိုပြောလိုက်တယ်။

"သူက အခုထိ မနက်စာ မစားရသေးဘူး။ ငါ သူစားဖို့ တစ်ခုခု လုပ်ပေး လိုက်အုံးမယ်။ မင်းတို့က သူနဲ့ စကားကောင်းကောင်း လေးပြောပေးလိုက် ကြအုံး''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now