Chapter (21.1)

4.1K 581 7
                                    

{Unicode }(21.1)

" ဟမ်?''

ရေချိုးခန်းထဲက စင်ပေါ်မှာ အင်္ကျီ တစ်ထည်ရှိလေတယ်။ ထိုအဝတ်ကိုတွေ့တော့ အဲ့ဒါက ရှုပေါ်စုရဲ့ ပြန်လာတော့ ချွတ်ထားတဲ့ အဝတ်မှန်းသိလေတယ်။

ကျန်းရှုက ရေချိူးခန်း ထဲက ပြန်ထွက်လာ ကာ မီးဖိုချောင်ထဲ ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။

အတိအကျပြောရရင်တော့ ငယ်ရွယ်ပြီးစီးပွားရေးကို ကောင်းကောင်း လုပ်နိုင်တဲ့ လူငယ် အမျိုးသား က သူ့အတွက် ချွေးတလုံးလုံးနဲ့ မီးဖိုထဲ မှာချက်ပြုတ်ပေးနေခဲ့တယ်လေ။ ​

ဖာခ့်!

ကျန်းရှု တစ်ယောက် ရွှေအိမ်ကြီးကို ကောက်ရထားတဲ့ အတိုင်း ရင်တွေပြင်းပြင်းထန်ထန် ကိုခုန်လှုပ်နေခဲ့တယ်။ သူက အသာလေး ရေချိူးခန်း ထဲကို ပြန်ဝင် လာလိုက်တော့တယ်။

မနေ့ညက သူချွတ်ခဲ့တဲ့ အဝတ်အပေတွေကို ရေဇလုံထဲ ပစ်ထည့်ခဲ့ပေမယ့် အခုတော့ ထိုဇလုံ ထဲမှာ ဘာမှမရှိတော့လေဘူး။ သေချာတာပေါ့ ။ သူနေ့တိုင်းလဲ နေတဲ့ အဝတ်တွေကို  ရှုပေါ်စုပဲ လျှော်ပေးနေခဲ့တာလေ။ ဒါကြောင့် အဖိုးကျန်းက ဘာမှလုပ်စရာ မလိုတော့ဘူး လေ။

ဒါက ကောင်းတာ ပဲ။

ဒါကိုမှ ကောင်းမွန်တဲ့ ဘဝလိုခေါ်တာ။

ထိုကဲ့သို့ တွေးပြီးတဲ့နောက် ကျန်းရှု က ရေပန်းဖွင့်ကာ စပြီးရေချိုးတော့တယ်။ ရေချိုးပြီးတဲ့နောက်သူက အခုချွတ်လိုက်တဲ့ အဝတ်တွေကို ရေဇလုံထဲ ပစ်ထည့်ကာ အဝတ်လျှော်ရည်တွေ လောင်းချလိုက်တယ်။ ပြီးတာနဲ့ ထိုထဲကို ခြေထောက် ၂ ဖက်လုံးနဲ့ တက်နင်း နေတော့တယ်။ ဒါက ကျန်းရှုရဲ့ မူလအတိုင်း ကျန်းအဝတ်လျှော်နည်းပဲ။

အကျိုးသက်ရောက် မှုကတော့လား ပထမတန်းစားပါပဲ။

" မေ့လိုက်ပါတော့ ''

ကျန်းရှုက သူခြေထောက်တွေကို ပြန်ထုတ်ကာ အဖြူရောင် ရှပ်အင်္ကျီ ကိုတော့ အဝတ်လျော်စဥ်ပေါ်တင်ပြီး လက်နဲ့သာ ကောင်းကောင်း လျော်လိုက်တော့တယ်။

" စတော်ဘယ်ရီလေး? "

ရှုပေါ်စုရဲ့ အကြည့်တွေက ကျန်းရှု တစ်ယောက် ဝရံတာမှာ အဝတ်တွေ လှမ်းနေတဲ့ ဆီကို ရောက်သွားခဲ့လေတယ်။ ကျန်းရှု က နောက်အဝတ်တစ်ထည်ကို ထုတ်ယူပြီး လှမ်းလိုက်ပြန်တယ်။ ထိုအဝတ်က သူ့အဝတ်ဖြစ်နေဟန်ပါပဲ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now