Chapter (42)[Final]

6.3K 511 26
                                    


[Unicode] {Final 42 }

ထို ကိုယ်ဝန်ရှိနေတဲ့ အမျိုးသား လေးဟာဆိုရင်ဖြင့် သူ့ရဲ့လူနားကိုကပ်သွား ပြီးတော့နမ်းဖို့ တောင်းဆိုခဲ့တယ်။

" ကျွန်တော် က ခများနဲ့ပဲ အတူရှိနေချင်တုံးပါပဲ''

ရှုပေါ်စုရဲ့ ဘဝဟာဆိုရင်ဖြင့် ကျန်းရှုနဲ့ ထိုကဲ့သို့နေ့တိုင်း ဖြတ်သန်းနေခဲ့တယ်။ ကျန်းရှုစားတဲ့အရာ မှန်သမျှကိုလည်း အနည်းဆုံး ၂ကိုက်လောက် မြည်းပေးသေးတယ်။

ဒါကြောင့် သူသာ နေ့တိုင်း လေ့ကျင့် ခန်းမလုပ်လို့ကတော့ ကျန်းရှုလိုမျိုး ဝတုတ်လာမှာပဲ ဖြစ်တယ်။ အဲ့အကြောင်း ကိုပြောရရင် ကျန်းရှုက ရှုပေါ်စုရဲ့လက်မောင်းကြွက်သား တွေကိုဖြစ်ညှစ်လာခဲ့တယ်လေ။

" လက်ထပ်ပြီးသား လူတစ်ဦး အနေနဲ့ ခများကြီး က နေ့တိုင်းပဲ လေ့ကျင့် ခန်းတွေကိုလုပ်နေစရာလို သေးလို့လား?''

( ဖြန်း ကိုယ့်ဘာကို ပါးချတာ 🌚🌚)

ရှုပေါ်စုက ပြောလိုက်တယ်။

" ဒီလိုမျိုးက မင်းလုပ်စရာမလိုပါဘူးကွာ''

" ဟွန့်''

ကျန်းရှုက နှာခေါင်းရှုံပြီးတော့ တစ်ဖက်ကလူကို ပြောင်လိုက် တယ်။ပြီးတော့ အခုချိန်ထိပုံမပျက်သေးတဲ့ တစ်ဖက်လူရဲ့ကိုယ်ကို ကြည့်လိုက်ပြီးတော့ စိတ်မဝင်စား သလိုနဲ့အပေါ်ထပ်ကိုသာ တက်သွားတော့တယ်။

နေ့ရက်တိုင်းက တစ်ယောက် နဲ့တစ်ယောက် ဖလစ်(ကလူကျီစယ်) ရင်းနဲ့ကုန်ဆုံးလာခဲ့တာ အခုဆိုရင်ရာသီဥတု တောင်အေးလာပြီပဲ ဖြစ်တယ်။

အချိန်က ဘယ်လောက်ပဲ နှေကွေးစွာပြောင်းလဲသွားပါစေ အချိန်ကတော့နိယာမ အတိုင်းဆက်လက်ပြောင်းလဲနေဆဲ ပဲလေ။

ရှုမိသားစု မှာနေရတဲ့ ကျန်းရှုအတွက် ပထမဆုံးနှစ်ကတော့ အတော်လေးကိုအသက်ဝင်ခဲ့တယ်။

{ငါဘယ်လိုတောင်မင်းတို့ကို ပြောပြရမလဲ။ အင်တာတိန်းမိန့် တွေကတောင်မှ နှစ်သစ်ရောက်တော့မှာမလို့ အတော်လေးအလုပ်များနေပေမယ့် ငါကတော့ဘာကိုမှလုပ်စရာရှိမနေဘူးလေ။ အချိန်အများစုကို မာကျောင် ဆော့ရင်ကုန်ဆုံးတယ်။ တစ်ခါတစ်လေ တော့မတ်တပ်ရပ်နေရင်းနဲ့ ဗွီဒီယို ဂိမ်းတစ်ချို့ကိုတော့ ကစားလို့ရတာပေါ့လေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now