Chapter (25.3)

3.2K 416 3
                                    

[Unicode] (25.3)

{ ဟေးကိုယ့်ကို မင်းရဲ့ တည်နေရာ ကိုပို့ပေးလိုက်}

ရှုပေါ်စုက ဒီကိစ္စမှာ အတော်လေး အလေးအနက် ဖြစ်နေပြီးတော့ တစ်ဆက်ထဲပြောလိုက်တယ်။

{ လူတွေက ပြောကြတာ ရှိတယ်။ အစားအစာတွေကသူတို့ကို နိဗ္ဗာန် ရောက်နေသလို ခံစားရစေတယ်တဲ့။ တကယ်လို့ မင်းလေးသာကောင်းကောင်း မစားရရင် ဒါက အဓိပ္ပာယ် ရှိတဲ့ဘဝလို့ ခေါ်လို့ရပါတော့မလား? ပြီးတော့ ကိုယ်ကလည်း မင်းကို အဲ့လိုအရသာမကောင်းတာတွေ စားခွင့်မပေးနိုင်ပါဘူးကွာ}

{ ဒီလိုဆိုတော့......  ခများပြောတဲ့ စကားတွေက ကျွန်တော့်ကို တကယ်ထိရှစေတယ်ဗျာ}

ကျန်းရှုက ရှုပေါ်စု ကို သေချာစာရင်း ရှင်းပြလေတယ်။

{ ဒါပေမယ့် သခင်လေးရယ်။ ဒီနေရာကို ခများနေရာကနေ လာရင် ယွမ်၄၀လောက် ကုန်မှာဗျ။ အချိန်ကော ၊ လူကောပင်ပန်းတာပဲ အဖက်တင်တယ် ရယ်။ ခများပြောကြည့် ဒါကထိုက်တန်တယ်လို့များ ခများထင်နေသလား? }

{ ဒါက ပြဿနာတစ်ခု မဟုတ်ပါ ဘူး စတော်ဘယ်ရီ လေးရာ}

ရှုပေါ်စုက ပြုံးပြီး ပြောလိုက် တယ်။

{ မင်းမျက်နှာလေး ကိုသာတွေ့ရမယ် ဆို ယွမ်မပြောနဲ့ ဒေါ်လာထောင်ပေါင်း များစွာကို ကုန်ခံရမယ် ဆိုလည်း တန်ပါတယ် ကွာ ။ ပြီးတော့ မင်းလေးကိုသာ တွေ့လိုက်ရရင် ကိုယ်တော့ထီဆုကြီးပေါက်သလိုပဲ}

( ငလူး တော်ကီတွေက မိုက်သဟ)

{ ဒါဆို မနေ့က ကျွန်တော်တို့ အိပ်ခဲ့ ကြတာလေ}

ကျန်းရှုက ခပ်တိုးတိုး ပြောကာ လူအုပ်ကြားထဲ တိုးနေခဲ့တယ်။

{ ဒါဆို ခများအခု ချမ်သားနေပြီလား?}

{ဟားဟား ဟား}

ရှုပေါ်စုက စိတ်ပျက်စရာ ကောင်းလောက်အောင် ရယ်လေတယ်။

{ စကားပြောနေတာကို ရပ်တော့။ ကျွန်တော် ထမင်းစား တော့မှာဗျ}

ကျန်းရှုက သူ့နားရွက်တွေကို ပွတ်ကာပြောလိုက်တယ်။

{ ကိုယ့်ကို လိပ်စာသာ ပေးပါကွာ }

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now