Chapter (8.2)

5.3K 869 11
                                    

{Unicode }(8.2)

" ငါတို့ရဲ့ ကိစ္စ အကြောင်း မင်းကိုပြောပြ စရာရှိတယ် ''

ယုစုယန်က ပြောလိုက် တယ်။

" မင်းက ဘွဲ့လွန် အတွက် ဘာဆက်လုပ် မယ်ဆိုတဲ့ အစီအစဉ် ရှိသလား ဆိုတာ ငါမသိဘူး။ ဒါပေမယ့် မင်းက ဘွဲ့လွန်ယူဖို့ ကျောင်း ကောင်းကောင်း တစ်ခု ရဲ့ ဝင်ခွင့် စာ​မေးပွဲကို အောင်ခဲ့ရင်တော့ ငါတို့ ၂ ယောက် အတူရှိချင် ရှိနေအုံးမှာပဲ ''

" ကျောင်းကောင်းကောင်း တစ်ခု? "

ရှုပေါ်စုရဲ့ မျက်ခုံးတွေက ပင့်တက်သွားလေတယ်။

" ဟုတ်တယ်။ မင်းရဲ့ အရည်အချင်း က အရမ်းကြီး မဆိုးပါဘူး။ ဒါ့ကြောင့် မင်း ခက်ခက်ခဲခဲနဲ့ ကြိုးစား ရင်တော့ ဝင်ခွင့် စာမေးပွဲ အောင်မှာပါလေ ''

ယုစုယန် ကတော့ သူ့အတွေးတွေ ထဲမှာ သူ့ကိုယ်သူ ဝင်ခွင့် စာမေးပွဲ အောင်မယ်လို့ ​သေချာပေါက် ယုံကြည်ချက် တွေ ပြင်းထန်နေခဲ့တယ်။ ကျန်းရှုလည်း သူ့လို အောင်ရင် မိဘတွေ ဆီဖွင့်ပြော ပြလို့ရပြီလေ။

" တကယ်လို့ မင်းက စာမေးပွဲ မအောင်ခဲ့ရင်ကော? "

ကျန်းရှုက မေးလိုက်တယ်။ သူ့ရဲ့ စိတ်ခံစားချက် တွေက လုံးဝ အတော်လေးကို တည်ငြိမ်နေလေတယ်။ သူပြောရဲတယ် တွေးနေစရာကို မလိုဘူး ဒီလိုကောင်က ဘယ်လိုဆန်ကုန်မြေလေး ကောင်ဖြစ်လာ မလဲ ဆိုတာကို သူသိပြီးသားမို့ ထိုင်သာရီချင်တော့တယ်။

" ဒါဆိုရင် ငါက ဘာမှ လုပ်လို့ မရတော့ဘူးပေါ့ ''

ယုစုယန် ကဆက်ပြောလေတယ်။

" ငါ့ရဲ့ အခြေအနေ က အရမ်းမဆိုးတာကို မင်းလည်း သိတာပဲ။ ဒါ့ကြောင့် ငါလည်း ငါ့လက်ထဲမှာ ကိုင်ထားလို့ရမယ့် တစ်စုံတစ်ယောက် ကို လက်ထပ်ရတော့ မှာပဲလေ''

[ ဖိနပ် ဘယ်မလဲ ငါပါးချ ချင်လို့ 🔥]

ကျန်းရှုက အနည်းငယ် လောက် ပြန်ဖြေလိုက်တယ်။

" မင်းရဲ့ အရေးမပါ စောက်ရူးထတဲ့ စကားတွေကို အပြီးထိ နားထောင် ပြီးသွားပြီလေ။ ဒီသခင်လေးက ထမင်းစား ဖို့သွားရ တော့မယ်။ ဆိုတော့ ခွင့်ပြုပါအုံး နော် ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now