Chapter 4.2

8.2K 1.1K 32
                                    


                     {Unicode}

    ကျန်းရှု ရဲ့ မျက်လုံး ထဲ မှာတော့ ဒီလို ကြည့်ရ ဆိုးတဲ့ မျက်နှာ မျိုး ဖြစ်သွား တာကို တွေ့တော့ အရမ်း ကို စိတ်သက်သာ ရာရ သွားစေတယ်။

ဟ..ဟ...  ဘယ်လိုနေ လဲကွ ဟမ်!

အံ့အား သင့်သွားတယ် မဟုတ် လား!

တကယ် ငါ မှားသွားပြီ လိမ်ပြီး အဝေး ကို ထွက်ပြေးသွား သင့်လားလို့ တွေးနေဟန်လေး က ကျန်းရှု စိတ်ထဲ မှာ ပေါ်လာတာကြောင့် အရမ်းကို ရီချင်နေတယ်။

  ရှုပေါ်စုက တော့ သူ့ရဲ့ လက်ကို မြှောက်ကာ တစ်ချိန် တည်းမှာပဲ ကြင်ကြင်နာနာ လေးကြည့်ကာ ပြောလိုက်တယ်။

" အခုချိန် က မနက် ၅ နာရီ ပဲ ရှိနေသေး တယ်လေ.... တစ်ခြား လူတွေ..အင်း....  လက်ထပ်ဖို့ မှတ်ပုံတင် ရုံးက လူတွေ က အခုထိ မနိုးသေး လောက်ဘူးလေ...''

" အနှေးနဲ့ အမြန် ငါတို့ အဲ့ကို သွားရ မှာပဲလေ..''

  ကျန်းရှု ဟာ အခွန်မဆောင်ရတိုင်း သူ့မျက်လုံး ထဲကနေ ဓားတွေ ပစ်လွှတ်နေလေတယ်။ ပြီးတော့ လှောင်သလို လုပ် လိုက်ပြီး ပြောလိုက် တယ်။

" ကျွန်တော့်ကို စကားပြောနေ တာရပ် လိုက်စမ်းပါ! ကျွန်တော် ခများ ကိုပြောမယ် ဒီနေ့ လက်ထပ် မှုက အတည် ဖြစ်ကို ဖြစ်ရမယ်''

  ရှုပေါ်စုက သူ့နှုတ်ခမ်း တွေ ကို ဖိကိုက်ပြီး ပြောလိုက်တယ်။

" လက်ထပ်ဖို့ အတွက် မင်းရဲ့ အိမ်ထောင်စု ဇယား လိုနေတယ်လေ...''

" ခများ ပါးစပ် ကို ပိတ် လိုက်တော့..!''

ကျန်းရှု က သူ့ရဲ့ ဘောင်းဘီ ရှည်တွေ ကို ကောက်ဝတ် လိုက်ပြီးနောက် သူ့ရဲ့ လက်တွေ က ရှုပေါ်စု ဆီ ကို အမြန် တိုးကပ် လာခဲ့တယ်။

" တကယ်လို့ ခများမှာ လိုအပ်တဲ့ ဟာတွေ မရှိဘူး ဆိုရင် ခများ အိမ်ပြန်ပြီးတော့ ယူလို့ ရနေတာ ပဲလေ။ ခများရဲ့ အိမ်ထောင်စု မှတ်ပုံတင် က ပျောက်သွား တာတို့ ဒါမှ မဟုတ် ဘယ်နား ထားမိမှန်း မသိဘူး တို့တော့ ကျွန်တော့်ကို လာမပြော နဲ့နော်.... ဧကရာဇ်က လက်ထပ်ပွဲကို တားရင်တောင် မှ လုံးဝ မရ ဘူးပဲ..''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now