{Unicode }အခု အချိန်က အထူးနေ့ရက် ဖြစ်တာကြောင့် ဘားမှာ လူတွေ အရမ်းပြည့်နေ ပြီးတော့ ဝိတ်တာတွေ လည်း အကုန်လုံး ကို လိုက်မထိန်းပေး နိုင်ကြ တော့ဘူး။
" မင်းက သောက်ရ မှာ ကို ကြောက်တာလား?''
လုခယ်ဟာ သူ့ညီကို ရှုပေါ်စု ရဲ့ ပုံကိုတွေ့သွားတာကြောင့် ရုတ်တရက် လိပ်ပြာ မလုံ သလိုမျိုး ခံစား လိုက်ရတယ်။ အခုချိန်မှာ ကျန်တဲ့ ညီအကိုတွေ စုပေါင်းပြီး သူ့(XBS) ကို အဆုံးထိ ရောက်အောင် ကူညီပေး ရမယ်လေ။
" မင်းက ဘာတွေ ကို ကြောက်နေတာတုံး...?''
ကျန်းရှုက လည်း မေးပြီး ဆက်ပြော လိုက်တယ်။
" တကယ်လို့ မင်းသာ မသောက်ရင် ကုန်း (Seme) ဖြစ်ဖို့ အခွင့်အရေး မရှိတော့ ဘူးကွ...''
[အကိုကျန်း ညီမလေး လည်းသောက်တက်တယ်လေ...ဒါဆို ကုန်း ဖြစ်လို့ ရပြီလားဟင်]
" ဟားဟားဟား ဟား..''
လုခယ်မှာတော့ ရီမောပြီး အတွေး တစ်ခု ရ သွားလေတယ်။
သူတို့တွေ အကုန်လုံးက ကြင်ယာတော် လုယုံချင်း ရဲ့ တမ်း ချင်းထဲကလို မန်ဒရင်း ဘဲမောင်နှံတွေ မဟုတ်ပဲ မန်ဒရင်း ဘဲအထီးတွေ ပဲ ဆိုတာကိုပေါ့။
ဒါပေမယ့် ဒီလောက် တက်ကြွ ပြီး ဆွဲအောင် အားပြင်းတဲ့ သူအပေါ် အကယ်၍ သူ(LK) သာ ဂေး တစ်ယောက် ဆို ကိုယ့်ကိုယ်ကို ထိန်းချုပ် နိုင်ပါ့မလား....?။
ဟုတ်တာပေါ့.....။
ထိန်းချုပ်မှုကနေ လွတ် ထွက် သွား နိုင် တယ်...။
ရှုပေါ်စု ရဲ့ အပြုံးတွေ က တန့်သွားလေတယ်။ သူဘယ်လောက်ပဲ ဒီကိစ္စ ကိုအလေး မထား သလိုမျိုး လုပ်နေပေမယ့် သူ့ရဲ့ ရင်ထဲ မှာတော့ စိတ် ခံစား ချက်တွေ က လုံးဝ ကို ချိုးဖျက်နေမိပြီပဲ ဖြစ်လေတယ်။
" အဆင်ပြေပါတယ်ကွ။ ငါလည်း မင်းတို့ နဲ့ အတူသောက် နိုင်တာပေါ့...''
ရှုပေါ်စု က ပြန်ပြော လိုက်တယ်။ သူပြောနေတဲ့ ပုံစံက လူကြီး လူကောင်း တစ်ယောက် အခိုင်အမာ ပြောနေသလို မျိုးပဲ..။
YOU ARE READING
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Romance'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...