Chapter (35.2)

3.1K 392 9
                                    

[Unicode ] (35.2)

ကျန်းချူနမ်: [ ငါ မင်းကို လာခေါ်ရမလား ဒါမှမဟုတ် မင်းရဲ့အကို ကွမ်ကိုပဲ လာခေါ်ခိုင်း လိုက်ရမလား? ]

ကျန်းရှု သူ့ဘာသာ တွေးမိတယ်။ ဒီလိုတွေးပေးတက်တဲ့ စကားမျိုးကသူ့အဖေ ဆီကနေထွက်လာတာ မဟုတ်ပဲ အန်တီကွမ် ဆီကနေ ထွက်လာတာပဲ ဖြစ်ရမယ် လို့ပေါ့။

ဒီလိုစကားမျိုး ကျန်းချူနမ် ဆီကနေထွက်လာလိမ့်မယ် အာကြီးကြီး ။

[ ကျွန်တော်.... ]

ငါ့အနေနဲ့ ရထားစီးလာမယ်လို့ ပြောလို့ရှိရင်လည်း ဖြစ်ညှစ် တိုးသိပ်ခံရတဲ့ ဝေဒနာကို ခံစားရအုံးမယ်။ ဒါက ကိုယ်ဝန်သည် တစ်ယောက် အတွက် အရမ်းကို အန္တရာယ် များတယ်မဟုတ်လား။

[ ကွမ်ယိရွှမ်ကိုပဲ လာခေါ်ခိုင်း လိုက်ပါ]

ကျန်းချူနမ် က ပြောလာတယ် ။

[ မင်း ဒီကို ရောက်ရင် သူ့ကိုအကိုလို့ လည်းမခေါ်နဲ့ မင်းရဲ့ နာမည်ကိုလည်း ထုတ်မသုံးနဲ့နော် ဒီနေရာမှာ လူတွေအများကြီး ရှိတယ်]

(Sp 😶)

ကျန်းရှုက အံကြိတ်ကာ ပြောချလိုက်တယ်။

[ ကျုပ်ကလည်း အဲ့သူကို အကိုလို့မခေါ်ပါဘူးဗျာ ပြီးတော့ ကျုပ်နာမည်ကို ဘာကိစ္စ ထုတ်သုံးရမှာလဲ]

သားဖ နှစ်ယောက် စကားပြောပြီးတဲ့နောက် သူက ဖုန်းကိုချ ပစ်လိုက်တယ်။ ထိုအချိန်မှာ ရှုပေါ်စု က WeChat ကနေ သူ့ဆီကို စာတွေ ပို့ထားတာ ကိုတွေ့လိုက်တယ်။ ဒါကြောင့် သူလဲ ရှုပေါ်စု အပေါ် စိတ်ရှုပ်စွာနဲ့ စာတစ်စောင် ချန်ထားခဲ့တယ် ။

{ရှုပေါ်စု ကျွန်တော် အဖေပြန်လာပြီ။ အဲ့တာသူက ခဏလာနေခိုင်းလို့။ ခများ တစ်ယောက် ထဲ နေခဲ့အုံးနော်။ ကျွန်တော် မနက်ဖြန် သဘက်ခါလောက် မှ ပြန်လာခဲ့မယ်။ }

ကျန်းရှုက မွန်းကြပ် နေတဲ့ သူ့ရဲ့ ရင်ဘက်လေးကို အသာလေးပုတ်ကာ နောက် ၂ ရက်လောက်အတွက် ဝတ်စရာအဝတ် တစ်စုံ ၂ စုံလောက် ထည့်လိုက်တယ်။

ကွမ်ယိရွှမ် လည်း ပို့ပေးထားတဲ့ လိပ်စာဖြစ်တဲ့ ရထားဘူးတာရှေ့ရောက်ရော ကျန်းရှုကလည်း ကျောပိုးအိတ်လေး လွယ်ကာ တိုက်ခန်းငယ်လေး ထဲကနေ ထွက်လာပြီးပြီပဲ ဖြစ်တယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now