Chapter (36.3)

2.8K 377 3
                                    

[Unicode] (36.3)

"အမေပဲ သွားကြည့်လိုက်ပါမယ်ကွယ်''

ကွမ်ယုပိုင်က အပြုံးလေး တစ်ခု နဲ့ပြောကာနောက်တော့ ကျန်းချူနမ်ရဲ့ လက်ကို အသာလေးပုတ်ပေးလေတယ်။

" ပေါ်စုက ရှုမိသားစု ရဲ့ အမွေဆက်ခံ သူဖြစ်ပြီးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့သူလေ။ သူစီမံခန့်ခွဲတဲ့ကုပ္မဏီက အတော်လေးကို ကောင်းမွန်နေတယ်လေ။ ရှင်ပဲ စီးပွားရေး လောကထဲကို စတင်ချင်နေပြီလို့ ပြောတယ်မလား။ ဒါဆိို ယိရွှမ် နဲ့ ပေါ်စုတို့နဲ့ အတူတူ ဆွေးနွေးတိုင်ပင် ကြလေ။ ''

( ဘွားတော်ကလည်း 😶နင့်သား ယိရွှမ် လင်လား)

ရှုပေါ်စုဆိုတာကို ကျန်းချုနမ် က အစတုံးကဘယ်သူမှန်း မသိပါဘူး ။ ဒါပေမယ့် သူက ရှုမိသားစု ကိုမသိဘူးလို့တော့ မဆိုလိုဘူးလေ။ ရှုပေါ်စုရဲ့ အကြောင်းကိုသိလိုက်ရတော့ ကျန်းချူနမ်က ကျန်းရှုကို တစ်ချက် ကြည့်ကာ သူ့သားရွေးလိုက်တဲ့ ပစ်မှတ်ကလည်း အတော်မလွယ်ကူဘူး လို့တွေးမိတယ်။

( လွယ်ပါတယ် လွယ်လို့ဗိုက်ကြီးနေပြီလေ 😑😑)

ဒါပေါ့ သူ့သားက ရှုပေါ်စု နဲ့ မထိုက်တန်ဘူး လို့တော့သူမတွေးပေမယ့် သူ့ပြဿနာရှာတက်တဲ့ သားနဲ့ ဒီလို အဆင်းရောအချင်းပါ ပြည့်စုံနေတဲ့ ပစတ်မှတ်နဲ့ ဖြစ်သွားနိုင်ချေက အတော်လေးနိမ့်တယ်လို့ တော့ သူခံစားမိတယ်။

" ဘယ်နေရာမှာ ရင်းနှီးမြုပ်နှံ မလို့လဲ''

ရှုပေါ်စုက လက်ဖက်ရည် တစ်ငုံ သောက် လိုက်ပြီးတော့ ငြင်သာ နူးညံ့ တဲ့အပြုံးလေးကို ထိန်းကာပြော လိုက်တယ်။

" မစ္စတာ ကျန်းက အမြင်ပိုင်းရော လက်တွေ့ဆုံးဖြတ်တဲ့ ပိုင်းမှာပါ က်ျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံ ရင့်မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် တကယ်လို့ ဇီဝထုတ်ကုန် နယ်ပယ်ထဲ ခြေလှမ်းစချင်ရင်တော့ ကျွန်တော့်အနေနဲ့ စကားအနည်းငယ် နဲ့အကြံပေးလို့ရတာပေါ့ဗျာ''

" အာအရမ်း ကြီးမလုပ်နေပါနဲ့ကွာ''

ကျန်းချူနမ် က ပြောလိုက် တယ်။

" ဒီနေ့က မိသားစု အတွက်အချိန်ပေးတဲ့နေ့လေ။ ဒီတော့အလုပ်အကြောင်းတွေ မပြောတာပဲ​ကောင်း ပါတယ်ကွ ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now