Chapter (22.1)

4.1K 530 5
                                    

{Unicode }(22.1)

ရှုပေါ်စု ရဲ့ အကြည့်တွေနောက်ကို လိုက်ပြီးတော့ ကျန်းရှုလည်း လိုင်ငုံ့ကြည့်လိုက်တယ်။

ကျွစ်!

နီမဲနေတဲ့ အမှတ်အသားတွေ က သူ့ရဲ့ ဖြူစွတ်နေတဲ့ အသားအရည်ပေါ်မှာ ကပ်တွယ်နေကာ အရာအားလုံးက ရှုပေါ်စု က သူ့ကို နမ်းတဲ့ အခါမှာတော့ ဘယ်လောက် တောင်ငြင်သာလိုက်သလဲ ဆိုတာကို ပြသနေတာပဲ ဖြစ်တယ် ။

" ခများက ခွေးကြီး မလား? "

ကျန်းရှုက သူ့ကို လှမ်းကန်ပြီး အဂတ်တွေကို ဝတ်လိုက်တယ်။

" ဟင့်အင်း "

" ကိုယ်က အသက် ၂၆ နှစ်ရှိပြီ ။ ကိုယ်က ဘယ်ရာသီဖွားလဲ ဆိုတာကို ပဲမေးသင့်တာ မဟုတ်ဘူး လား?''

ကျန်းရှု က သူ့ခေါင်းကို အလုပ်ပေးပြီးတော့ တကယ်ကြီး ရာသီခွင်တွေကိုတွက် ကြည့်နေလေတယ်။

" ထိုဟာကို မေ့မသွား စေနဲ့နော်။ ''

ရှုပေါ်စုက ထူးထူးဆန်းဆန်း ပြုံးကာ ပြောလိုက်တယ်။

" မြန်မြန်လုပ်လေ။ မင်းဘောင်းဘီတွေ ဝတ်ရအုံးမယ်မလား? "

အားကစား ဘောင်းဘီ ရှည်တစ်စုံက ကျန်းရှုရဲ့လက်ထဲမှာ ကိုင်ထားဆဲပဲ။

ရှုပေါ်စု က ကျန်းရှု တစ်ယောက် ရာသီခွင် တွက်နေတာကို ကြားဖြတ်ကာ ပြောလိုက် တယ်။

မဟုတ်သေးပါဘူး။

ခွေးရာသီခွင်က နောက် ၆နှစ်ရဲ့ထိပ်ဆုံး မှမဟုတ်တာလေ။

အဲ့တော့ ထိပ်ဆုံးက ဘာပါလိမ့်?

"နဂါး? ဟုတ်တယ် မလား?''

အပြင်ကို မထွက်ရသေးခင် နောက်ဆုံးမှာ တော့ ကျန်းရှု တစ်ယောက် တွက်ထုတ်နိုင်ခဲ့တော့တယ်။

" ဟုတ်ပဗျာ''

ရှုပေါ်စုက ခေါင်းငြိမ့် လိုက်တယ် ။

" ဒါဆိုရင် အိမ်ထောင် ရေးဖောက်ပြန်တဲ့ နဂါးပဲ ဖြစ်ရမယ်''

ကျန်းရှုက ပြောတယ်။

" အဲ့ရာသီခွင်တွေမှာ မကောင်းတဲ့ အချက်၃ ချက်ရှိတယ်လေ ''

" မင်းသေချာ လို့လား?''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now