Chapter (27.1)

3.1K 434 17
                                    

{Unicode }(27.1)

ဒီအကြောင်း ကိုပြောရမယ် ဆိုရင် ဒါက ကျန်းရှု ရဲ့ အလုပ်ဆီကို ရှုပေါ်စု တစ်ယောက် ပထမဆုံး လာတဲ့ အကြိမ်ပဲ။ ဘာလို့လဲ ဆိုတော့ ကျန်းရှု က သူနေ့လည်စာ ယူလာပေးမယ် ဆိုနေတာ ကိုအမြဲတမ်း ငြင်းဆို နေခဲ့တယ်လေ။ ဒါကြောင့်မို့ သူကလည်း အလေးအနက် ကြီး ထပ်ပြီးတော့ မတိုက်တွန်းတော့ပဲ နေခဲ့တာ။

လက်ထဲမှာ ရေခဲချောင်း အိတ်တွေ ကိုင်ထားတဲ့ ခြေတံရှည် အမျိူးသား ချောချောက အလုပ်ဆင်းလာပြီ ဖြစ်တဲ့ အမျိုးသမီးငယ်တွေ အများကြီး ကို ဆ်ွဲဆောင်လိုက်နိုင်တယ်။

" လူချောအကိုလေး ရှင်ဘယ်သူ့ကို စောင့်နေတာလဲ?''

ရွှေရောင် ဆံပင် ရှည်ရှိတဲ့အမျိုးသမီး တစ်ယောက် က အရှေ့ကို တိုးလာကာ မြူစွယ်တဲ့အသံလေးနဲ့ ပြောလိုက်လေတယ်။

" ငါ့ဘာသာ ငါစောင့်နေတာ''

ရှုပေါ်စုက ပြောလိုက် တယ်။

ထိုစကား တစ်ခွန်းနဲ့တင် သူ့ရှေ့မှာ ပိတ်ရပ်ထားကြတဲ့ အမျိုးသမီး အုပ်စုကြီးကို သတ်ချနိုင်လိုက်လေတယ်။

အိုက်ယား ဒီကောင်ချောလေးက တကယ်မလွယ်ဘူးပဲ။

၂ မိနစ်ကြာပြီးတဲ့နောက် ကျန်းရှု က ထွက်လာကာ သူ့ကို စိုက်ကြည့် လိုကခတယ်။

" အပြင်မှာ ဒီလောက် နေပူနေတာကို ခများက ဘာလို့အထဲကို ဝင်မစောင့်တာလဲ? "

"ကိုယ်က အဆင်ပြေပါတယ် ''

ရှုပေါ်စုက ပြုံးလိုက်တယ်။

" အပြင်မှာ ဒီလောက် လဲမပူတော့ပါဘူးကွာ''

( လေသံကိုက 😐 )

" ဘယ်သူကများ ခများ အကြောင်း ကို ဂရုစိုက်နေလို့လဲ? ဒါက တကယ်ပူနေတာပဲ မဟုတ်ဘူး လား?''

ကျန်းရှုက ရှုပေါ်စု လက်ထဲက ရေခဲချောင်း အိတ်ကို ဆွဲယူကာ ဖြဲလိုက်တော့တယ်။ ပြီးတော့ ရေခဲချောင်း ကို သူ့ပါးစပ် ထဲထည့်လိုက်ပြီးမှ ပြောတော့တယ်။

" ကျွန်တော် ကြောက်တာက ကျွန်တော့် ရေခဲချောင်းတွေ အရည်ပျော်ကုန်မှာကိုပဲ။ ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now