Chapter (19.1)

4.4K 619 11
                                    


{Unicode }(19.1)

" မင်းက အနံ့ထွက်နေတဲ့ ကလေးလေးပဲကွာ '' ဆိုတဲ့ စကားလုံးကို ကျန်းရှုက သိပ်ပြီး မရင်းနှီးလေတော့ ခဏလောက် အေးခဲသွား တယ်။ အံ့အား သင့်ပြီးတဲ့နောက် သူ့ဗိုက်ကို ဖိကာ အော်ရယ်တော့တယ်။ အနံ့ဆိုးတဲ့ ကလေးလေးပဲ ဖြစ်ဖြစ် တစ်စုံ တစ်ခု ဖြစ်ပါစေ ဒါက အနံ့ဆိုးတဲ့ ညီက်ို (လိမ်လည်လှည့်ဖျားတက်တဲ့ အပေါင်း အသင်း)  ဆိုတာနဲ့ အဓိပ္ပာယ် က အတူတူပဲ မဟုတ်လား။ ဒါက ကောင်းတဲ့ စကားလုံးတော့ မဖြစ်နိုင်ပေါင်။

" ကျွန်တော် စားလို့ပြီးပြီ''

ကျန်းရှုက သူ့ရဲ့ အထက်ဆီးဆန်မှုကို ထိန်းချုပ် ထားပြီးတော့ စားပွဲခုံပေါ်ကို ငုံ့ကြည့်လိုက်တယ်။

"မင်းလေး အဲ့တာကို ကိုင်ရင် အဲ့တာကြီးက ချက်ချင်း ပျက်စီးသွား မှာဗျ ''

ရှုပေါ်စု က သူ့ကို စလိုက်ကာ မတ်တပ်ရပ် ပြီးတော့ ဧည့်ခန်း ထဲကို ဝင်ရောက် သွားတော့တယ်။

ခများကြီး ဘာသောက် စကားပြောလိုက်တာလဲ ဗျ? !

ကျန်းရှုက တစ်ဖက်လူရဲ့ ပန်းကန်ထဲ ကို သူငုံ့ကြည့်လိုက်တယ်။ ထိုထဲမှာ ထမင်းတွေ ရှိနေဆဲပဲ။ ဆိုတော့ အဲ့လူက စားလို့မပြီးသေးဘူး ပေါ့လေ။

အဲ့လူက ရေချိုးခန်းထဲ သွားတာတော့ မဟုတ်လောက် ပါဘူးနော့?

မဟုတ်ခဲ့ပါဘူး ။

ရှုပေါ်စု က သူ့ရဲ့ စတော်ဘယ်ရီ လေးအတွက် အသီးတွေ လှီးကာ ဖန်အကြည် ပန်းကန်ထဲကို ထည့်ကာ ကျန်းရှုဆီ ယူလာပေးလေတယ်။

" ဟိုနေ့က ဝယ်ထားတဲ့ သစ်တော်သီးတွေ ကိုယ်အခုထိ မစားရသေးဘူး ။ ''

ကျန်းရှုက ကြောင်အ သွားတယ်။

"ဒါပေမယ့် အများကြီး တော့ မစားနဲ့နော်။ မင်းလေး အစာအိမ်ကို အအေး ပတ်စေလိမ့်မယ် ''

ရှုပေါ်စုက အလေးအနက် ပြောကာ သူ့ရဲ့ ထမင်းကို ဆက်စားလေတယ်။

ဒီနေ့အတွက် ဟင်းတွေ ထမင်းတွေထည့်ဖို့ ပန်းကန်တွေ အများကြီး သုံးခဲ့ရတယ်။ ဒါပေမယ့် သူက မဆေးရတဲ့ လူမို့ စိတ်ထဲမစားပဲ ထပ်ထည့်စားလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now