Chapter (7.1)

5.9K 829 19
                                    

{Unicode } (7.1)

အားလုံးရဲ့ အမြင့်ထက်မှာ ရှိနေခဲ့တဲ့ သခင်ငယ်လေးက အင်တာနက် ပေါ်မှာရှိတဲ့ အသုံးအနှုန်းတစ်ချို့ ကိုတော့ သိပါသေးတယ်။

ပြီးတော့ ကျန်းရှုရဲ့ ပင်ကိုယ်စရိုက် နဲ့ အခုအမူအရာတွေကိုပါ ပေါင်းလိုက်တော့ ဘာမှအကြောင်းပြ ချက်တောင် ရှာစရာမလိုပဲ နဲ့ ဒီခွေးသေးသေးလေးက သူ့ကို လှောင်နေပြန်ပြီမှန်း ရှုပေါ်စု သိလိုက်ရတယ်။ ဒါပေမယ့် သူက အဲ့တာကို စိတ်ထဲ မထားပါဘူး။ တကယ်လို့ သူလေးက အဲ့လိုပြောင်းရင် သူကလည်း လိုက်ပြီးပြောင်းလိုက် ယုံလေးပဲလေ။

လူတွေက ပြောကြတယ် မတူညီတဲ့ လူတွေက တစ်ယောက် ကို တစ်ယောက် ဆွဲငင်မှုတွေ ပြုလုပ်ကြတယ် တဲ့လေ။

တစ်ချို့ လူတွေက ဘဝမှာ စည်းမျဥ်း တွေကြားထဲ မှ ရှင်သန်ရလေတယ်။ သူတို့အတွက် လွတ်လပ်ခြင်း ဆိုတာ မးရှိလေဘူး။ သူတို့ရဲ့ ဘဝက ပိုပြီး အထက်တန်းကျလေလေ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး ချုပ်ထိန်းရလေလေပဲ။

ရှုပေါ်စု ဟာ ကလေးဘဝ ကတည်းက မိသားစု ရဲ့ ကြီးကြီးမားမားတွေ မျှော်လင့်ထားတာကို ခံရလေတော့ သူလုပ်ခဲ့သမျှ လုပ်နေသမျှတွေက စည်းကမ်းဘောင်ထဲမှာ ရှိနေပြီး အမြဲတမ်း စံပြ ဖြစ်ခဲ့ တယ်။

တစ်ခြား တစ်ယောက် ဖြစ်တဲ့ ကျန်းရှုကတော့ ရှုပ်ထွေးပြီး လွတ်လပ်တဲ့ ဘဝကို ပိုင်ဆိုင် ထားလေတယ်။ ပြီးတော့ တစ်ခုခုကို လုပ်လိုက်ရင်လည်း အလေးအနက် မထားလေဘူး။

ထိုရှုအုပ်စုရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့သူက ကျန်းရှုရဲ့ ဘဝကို အားကျတယ်လို့ ပြောမလာရင် စီးထားတဲ့ ဖိနပ်နဲ့ အချခံလိုက်မယ်။ ကျုပ် ကျန်းရှု လောင်းရဲတယ်။

သူတို့ စားသောက်ပြီးတော့ ကျန်းချူနမ် ဆီကနေ ဖုန်းဝင် လာလေတယ်။ ကျန်းရှု က သူ့ရဲ့ ရှုနာနတ်သီးလေးကို စိုက်ကြည့်လိုက်တော့ ထိုလူက အလိုက်သိစွာပဲ ပန်းကန်တွေ ဆေးဖို့ ထွက်သွားလေတယ်။ ဒါကြောင့် ကျန်းရှုက ဖုန်းကို ယူကာ ဝရံတာဆီကို ထွက်လိုက် တယ်။

ရာသီဥတု ကြီးက သောက်ရမ်း ပူမနေဘူးလား?

သူ့အတွက်တော့ ပူလွန်းလို့ လေသာဆောင်လေး ဆီကိုထွက်ပြောရတာပဲ ဖြစ်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now