Chapter (32.3)

2.8K 387 2
                                    

[Unicode] (32.3)

" ဒါဆို ကျွန်တော် စားနေတာကို ရပ်လိုက်ရမှာလား?''

"ဒါက ဟင်းပွဲလေး နည်းနည်းလောက် ပါပဲကွာ''

ရှုပေါ်စုက ခပ်မြန်မြန် လှုပ်ရှားမှု လုပ်လိုက် တယ်။

" မင်းရဲ့ မျက်နှာသာ ပေးမှုကို အတွေကို ကျေးဇူးပါ ပဲ အကိုကျန်း''

"ဟင့် ရပါတယ် ''

ကျန်းရှုက ရှုပေါ်စုကို တစ်ခု ခုပြောလိုက်ချင်ပေမယ့် လုခယ်ရှိနေတာကြောင့် ဘာမှဆက်မပြောတော့ပေ။

" မင်းတို့ကောင်တွေ တော်လိုက်တော့''

လုခယ်ဟာ သူတို့ကို မကြည့်နိုင်တော့ တာကြောင့် စားပွဲပေါ် က စီးကရက် ကိုယူကာ ဆေးလိပ်သောက် ဖို့ တစ်နေရာ ကို ထွက်သွား တော့တယ်။

သူနဲ့ ရှုပေါ်စု ကတော့ စားသောက် ပြီးတဲ့နောက် ဒီအိမ်မှာရှိတဲ့ ငါးဖမ်းကိရိယာတွေကို ယူလာပြီးတော့ ငါးသွား မျှားကြတော့တယ်။

" ခများက ဒီနေရာကို ရောက်ဖူးတာလား?''

ဒီနေရာနဲ့ ရှုပေါ်စုက ဘယ်လောက် တောင်အကျွမ်းတဝင် ရှိနေတာလဲ ဆိုတာကို ကျန်းရှု တွေ့လိုက်ရတော့အတော်လေး သိချင်စိတ် ဖြစ်မိသွားတယ်။

" ကိုယ်က ဒီနေရာကို အကြိမ် အနည်းငယ် လောက် ရောက်ဘူးတယ်လေ''

ရှုပေါ်စုက အနည်းငယ် ရင်းနှီးနေတဲ့ လမ်းလေး တစ်လျောက် ကျန်းရှု လက်ကိုကိုင်ထားရင်းသွားလေတော့တယ်။

" ဂရုစိုက် အုံး..... ကိုယ်ဒီကို နောက်ဆုံး တစ်ခေါက် ရောက်တဲ့ အကြိမ်တုံးက ကိုယ်က CEO ဖြစ်တုံးကလေ ''

" ငါလိုးတဲ့မှပဲ''

ကျန်းရှု က ခက်ခက်ခဲခဲနဲ့ ပြုံးပြလိုက်တယ်။

" ဒီအတောအတွင်း စကေးအသစ်တွေ တိုးလာတယ်ပေါ့လေ။ ''

" ဘာကိုလဲ? "

ကျန်းရှု ဘာကိုဆိုလိုမှန်း ဒီတစ်ခါ တော့ ရှုပေါ်စု လိုက်မမှီတော့ပေ။

" ကိုယ့် ဂုဏ်ကို ဖော်တာကို ပြောတာလေ''

မရတော့ဘူး ။ မထိန်းနိုင်တော့ပဲ သူပြောပစ်လိုက် ပြီ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now