Chapter (31.3)

2.6K 216 2
                                    


[Unicode] (31.3)

ဒီလိုနဲ့ ၅ရက်က မျက်စိတစ်မှိတ် အတွင်း ကုန်သွား လေတယ်။

အမ်းသူက ကလေကချေ လို့တော့ပြောလို့ မရ​သေးဘူးလေ။ သူက အခုမှကျောင်းသားပဲ ရှိသေးတာ။

အလုပ်မလုပ်တာ ဘာမှမမှားဘူးလေ။

ရှုပေါ်စု က အိမ်ကိုပြန်လာရင်နေ့တိုင်း ချက်ပြုတ်ပေးတယ်။ အတူစားတယ်။ တစ်ခါတစ်လေ ပန်းခြံ ထဲကို ကျန်းရှုနဲ့ အတူလမ်းလျောက် ထွက်ပေးတယ်။

အိမ်မှာ တစ်နေကုန် နေပြီးတာနဲ့ ပျင်းလာတာကြောင့် လမ်းထွက်လျောက် ရင်းအပျင်းတွေဖြေဖျောက်တယ်။ ပြီးတော့ ညကျမှ အိမ်ပြန်လာတယ်။

ရှုပေါ်စုက ပန်းခြံထဲက သရက်သီးတွေကို မြင်တော့ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်မိတယ်။

နောက်တော့ ကျန်းရှု အတွက် ဒီက သရက်သီးကို ခိုးလာဖူးတယ် ဆိုတာကို အမှတ်ရသွားတော့တယ်။ အိမ်ပြန်ရောက် တော့ ဆန်အိုးထဲကို ထည့်ထားတဲ့ ပလပ်စတစ် အိတ်ကို ခွာကြည့််လိုက်တဲ့အခါ မှိုတက်နေပြီဖြစ်တဲ့ သရက်သီး ကို တွေ့လိုက်ရတော့ တယ်။

သူက ချက်ချင်း ပဲအဲ့တာကို လွှင့်ပစ် ကာ  အောက်ထပ် အသီးဆိုင်ကနေ ပုံတူဆိုဒ်တူ အသီတစ်လုံးကို ဝယ်လာကာ ပလကစတပ်အတိုင်း ပြန်စွပ်ကာ ဆန်အိုးထဲကို ထည့် လိုက်တယ်။

သူ့စတော်ဘယ်ရီလေး စိတ်ဆိုးသွား မှာကို သူအတော်လေး ကြောက်ပါတယ် ။

" စတော်ဘယ်ရီလေး မင်းရဲ့အသီး မှည့်ပြီလား ဆိုတာ ကြည့်ပြီးပြီလား?''

စာကြည့် ခန်းတံခါးကို ဖွင့်ကာအထဲက မူကြမ်း ရေးဖို့ကြိုးစားနေတဲ့ ကောင်လေးကို မေးလိုက်တယ်။

" ဖာ့ခ် ခများသာ မမေးရင် ကျွန်တော်မေ့ပြီဗျ ''

ကျန်းရှုက မီးဖိုထဲ ပြေးဝင်ပြီး ဆန်အိုးကိုလှပ်ကြည့်လိုက်တယ်။ ပြီးတော့ သူဘယ်နှရက်တောင် ထားခဲ့မှန်းမသိတဲ့ သရက်သီးကို ထုတ်လိုက်တယ်။

ဒါက အဆင်ပြေနေတယ်ရော။

အနံ့ကို မွှေးကြည့်တာနဲ့တင်ဒါက အတော့်ကို ချိုမယ့်ပုံဆိုတာ သိနိုင်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now