Chapter (14.2)

4.7K 723 11
                                    

[Unicode] (14.2)

စကား ပြောပြီးတဲ့နောက် ကျန်းရှုက မက်တပ်ရပ် ကာ အမြဲတမ်း သူမှီခိုနေကြ လူရဲ့အဝေးကို လျောက်သွား လိုက်တော့တယ်။

ကျန်းချူနမ် ရဲ့ မြင်ကွင်း ထဲမှာတော့ ပုန်ကန် တက်တဲ့ ကလေး တစ်ယောက် ဟာ သူတစ်ခုခု ကိုလုပ်ပြ နိုင်ပါတယ် ဆိုပြီး ယုံအောင် အတင်းသက်သေ ပြပြီး  ဆော့ကစား နေတယ်လို့ ပဲ မြင်လေတယ်။ ဒါပေမယ့် ကျန်းရှု အတွက်တော့ ဒါဟာ လူငယ် တစ်ယောက် အဖြစ် ကနေ အမျိုးသား တစ်ယောက် အဖြစ် ကူးပြောင်းတဲ့ ဖြစ်စဥ် ပါပဲ။ ပြီးတော့ အခုကြုံခဲ့ ရတာတွေ ကလည်း သူရင့်ကျက်လာ ဖို့ ဖြတ်ကျော်ရတဲ့ အတားအဆီး ပါပဲ။

ကျန်းချူနမ် ဟာ ကျန်းရှု ဆီကနေ အချိန် အတော် ကြာအောင် အထိ ထွက်သွား တက်ပြီးတော့ အနောက်ကို တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်ခဲ့ ပါဘူး။

ဒါကြောင့် ကျန်းရှုရဲ့ စကားတွေ က ကျန်းချူနမ် ကို အများကြီး တွေးလာစေခဲ့တယ်။

အဲ့ကလေး ပြောတာတော့ အနည်းငယ် တော့မှန် ပါတယ်။ ဒါပေမယ့် အဲ့ကလေး ကိုယ်တိုင် ကရော သူ့ကိုယ် သူ မဆိုးသွမ်းပါ ဘူးလို့ ဘယ်လိုတောင် ပြောနိုင်တာ လဲ?

ကျန်းချူနမ်ဟာ လူအများရှေ့မှာတော့ ပြီးပြည့်စုံတဲ့ လူသား တစ်ယောက် ပဲ ဖြစ်တယ်။ အမှန်ပြော ရရင် သူ့နောက်မှာ ဂုဏ်သတင်း တက်အောင် ဝယ်ယူထားတဲ့ အင််တာနက်ရေတပ် အုပ်စုလေး ပဲရှိတာပါ။ ဒါလေးက လွဲရင် သူက လူတိုင်း ရင်ထဲမှာ အပြီးပြည့်စုံသော အိုင်ဒေါ တစ်ယောက် ပဲလေ။ ပြီးတော့ ဒီလိုမျိုး ရာစုနှစ်ရဲ့ အောင်နိုင်သူ လို့ ကျော်ကြားတဲ့ ကျောက်မြတ်ရတနာ လောကရဲ့ ဘုရင်မ ကွမ်ယုပိုင်ကို အမိဖမ်း ဖို့က မလွယ်ကူခဲ့ပါဘူး။ ဒါကပဲ သူက လုံးဝ ပြည့်စုံ ကောင်းမွန်လို့ ဒီအမျိုး သမီးကို ရခဲ့တာပဲလေ။ အဲ့တာကို သူ့သားက ဘာလို့သူ့ကို ဒီလိုတွေ ပြောနေရတာလဲ? !

( ငါ ရှုလေး အဖေကို စာလုံးရေ ၂၀၀၀ အထက်ဆဲချင်နေတယ်)

" ကျန်းရှု မင်းက အရမ်းကို ဆန်းဆန်း တင့်နေတာပဲကွ။ ပြီးတော့ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကလည်း အရမ်းကို ဆိုးဝါး လွန်းတယ် ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now