Chapter (33.1)

3K 422 3
                                    


[Unicode] (33.1)

နေ့လည်ခင်းနေပူခေါင် ကြီးဖြစ်တာတောင်မှပဲ မြို့ထဲက အပူချိန်ထက် ထိုအိမ်တော်က အပူချိန်ကပိုပြီးတော့ သက်သာလေတယ်။

ကျန်းရှုကတော့ မျက်နှာ မှာ ချိုမြိန်ခြင်းတွေ နဲ့ ရှုကြီး နောက်ကို လိုက်လာလေရဲ့။

" ဘာမှမလုပ်နဲ့တော့ ဒီကနေ ထွက်သွားရအောင်လေ''

ရှုပေါ်စုက ပြောရင်း နဲ့ ကျန်းရှု လက်ထဲက ပြောင်းဖူးတွေကို ယူကာ မီးဖိုချောင် စဥ်ပေါ်ကို တင်လိုက်တယ်။ ပြီးတော့ ကျန်းရှုကို ရေချိုး ခန်းထဲခေါ်သွားကာ ရှုပေါ်စု က အဝတ်တစ်ခုကို ရေအေး ထဲမှာ နှစ်ပြီးတော့ ရေညှစ်ကာ ကျန်းရှုရဲ့ မျက်နှာ ၊ လည်ပင်း ၊ ခေါင်းတွေကို သန့်ရှင်းပေး လေတယ်။  ပြီးတော့ လက်တွေကိုလည်းပဲ ဒီလိုပဲ လုပ်ပေးနေလေတယ်။

အငိုက်မိနေတဲ့ ကျန်းရှု တစ်ယောက် ကတော့ နှလုံးသား ထဲမှာ နွေးထွေး ချိုမြိန် မှုတွေ ပြည့်နေပါပြီ။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ ဂရုစိုက် မှုမျိုးက သူကလေးဘဝ ဘာမှမလုပ်တက်ခင် တုံးကမှ ရခဲ့တဲ့ဂရုစိုက် မှုမျိုးဖြစ်လေတယ်။

အခုကျတော့ သူက တက္ကသိုလ် ကနေတောင် ဘွဲ့ရတော့မယ် ။ ဒါပေမယ့် ထိုလူကပဲ သူ့ကို အဝတ်ဝတ်ပေးဖို့ လက်မြှောက်ခိုင်းတယ် ပြီးတော့ အစားခွံပေးဖို့ ပါးစပ် ဟခိုင်းနေလေတယ်။ သူက ထိုလူရဲ့ အရမ်း ဂရုစိုက် တာကို ခံနေရ လေတယ်။

ဒါက အရမ်းကို မှော်ဆန်တာပဲ။

" ရပြီပဲ ''

ရှုပေါ်စုက ပြောကာ အနောက််ကိုလှည့်ပြီးတော့ ပုဝါကို ရေညှစ်တဲ့ အခါမှာတော့ သူ့ရဲ့ နောက်ကျော တစ်ခုလုံးက စိုရွဲနေတာကိုတွေ့လိုက်ရတယ်။

" ကျေးဇူးပါ ''

ကျန်းရှုက တစ်ယောက် သောသူရဲ့ လက်ညိုး လေးနဲ့ တို့ကာ ပြောလိုက်တယ် ။

" ရပါတယ် ကွာ''

ရှုပေါ်စုက သူ့နောက် ကျော ကြွက်သားတွေ ကနေ တင်းအားလေး တစ်ခု ကို ခံစားမိလေတယ်။ ဒါကြောင့် သူက မျက်နှာ ကို သာမန်တိုင်း မြန်မြန် သစ်လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now