Chapter (37.2)

3.2K 486 14
                                    

[Unicode] (37.2)

အစောက ရှုပေါ်စု ကို သူ တကယ်ကြီး ထွက်မသွား ပါဘူးဆိုတာကို ပြောခဲ့သင့်တယ်လို့ ကျန်းရှုတွေးမိတယ်။ ဒါပေမယ့် အခုတော့ ရှုပေါ်စု က သူ့ဆီကို အမြန်ပြန်လာခဲ့တယ်လေ။

ရှုပေါ်စု က အမှန်တော့ ထိုပြဿနာကို သူ့တစ်ယောက်ထဲ ရင်ဆိုင်ပြီးဖြေရှင်းမခိုင်း ဘူးဆိုတာသိသာနေလေတယ်။

" သူက ပြန်လာနေပြီတဲ့လား ''

မဒမ် ရှုက စိတ်လှုပ်ရှား စွာနဲ့မေးလိုက်တယ်။ ဒါပေမယ့် ကျန်းရှုကတော့ သူကို စကားမပြောချင်တာကြောင့် မျက်လုံး ကိုမှိတ်ကာ စိတ်ငြိမ်အောင် လုပ်ပြီးမှ ပြောလိုက် တယ်။

" အင်း ''

ဖုန်းက အခုချိန်ထိမချရသေးတာကြောင့် တစ်ဖက်ကနေ ရှုပေါ်စုရဲ့ အသံက ထပ်ပြီးတော့ ထွက်လာတယ်။

" စတော်ဘယ်ရီလေး မင်းဘယ်ကိုမှ မသွားရဘူးနော်။ ကိုယ့်ကိုစောင့်နေနော်။ ကိုယ့်ကို ထားမသွားရ ဘူးနော်''

" အိုကေ ''

ကျန်းရှုက သက်ပြင်းချ ကာ ဆက်ပြောတယ်။

" ကျွန်တော် ဘယ်ကိုမှ မသွားဘူး ။ အိုကေနော် ။ ကားကို ဖြေးဖြေးမောင်းလာနော် ။ ကျွန်တော် ခများကို တကယ်ကြီး စိတ်ပူနေပြီ။ ''

" ဒါဆိုလည်း ဟုတ်ပါပြီ ။ ကိုယ့်အမေကို ဖုန်းပေးလိုက်ပါအုံး ''

ရှုပေါ်စုရဲ့ အသံက လုံးဝကို တည်ငြိမ်နေခြင်း မရှိပေ။ သူ့အသံကို ကြားတဲ့ သူတိုင်းက သူပေါက်ကွဲထွက်တော့မှာကို  ခံစားသိနိုင်တယ်။

" ဟုတ်ပြီ။ ခများ ကြီးအစောက ပြောတာကို အတည်ယူမနေနဲ့အုံးနော်။ ကျွန်တော် က သိပ်ပြီးစိတ်ထဲ မထားပါဘူး ။ ''

ကျန်းရှုက ရှုပေါ်စုကို ပြောပြပြီးတဲ့နောက်မှ မဒမ်ရှုကို ဖုန်းကမ်းပေးကာ ပြောလိုက်တယ် ။

" သူက ခများနဲ့ ဖုန်းပြောချင်နေတယ်''

မဒမ်ရှုဟာ သူမသားနဲ့ စကားမပြောဖြစ်တာ အခုဆို ၂လ နီးပါးရှိတော့မှာပဲ ဖြစ်တယ်။

" ပေါ်စု''

ရှုပေါ်စု:  '' အမေ သားအဲ့ကို ပြန်ရောက် တာနဲ့ အကုန်လုံး ကိုပြောပြပါ့မယ်။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့ သူ့ကို မခြောက်လန့်လိုက်ပါနဲ့ဗျာ။ ကျွန်တော့် ဘဝမှာ ဒီတစ်ကြိမ်ပဲ အမေ့ကိုတောင်းဆို ဘူးတာပါ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now