Chapter (37.3)

3.2K 494 20
                                    

[Unicode] (37.3)

ဒါပေါ့ အခုချိန်မှာ ကျန်းရှုက ရှုပေါ်စု အမေနဲ့အတူတူကစားပေးပြီး သူ့ကိုယ်သူအတွက်အမှတ်ကောင်းရအောင် လုပ်ဖို့အားအင်တွေ တကယ် မရှိသေးပါဘူး။ စိတ်လည်း မဝင်စားနေပါဘူး။

"ဒီလို ချွေးမမျိုး ဘယ်မှာရှိလို့လဲ''

မဒမ်ရှုက ဧည့်ခန်းထဲမှာ ထိုင်စောင့်နေရင်းနဲ့ ​ခြေဆောင့်မိလိုက်တယ်။ သူမသားရဲ့ လက်တွဲဖော်ကို သူမ တကယ်ကြီးသဘောမကျတော့ပေ။

၃၅ မိနစ်လောက် စောင့်ပြီးတဲ့နောက် ရှုပေါ်စုက ဓာတ်ခွဲခန်းကနေ အိမ်ကိုပြန်ရောက် လာပြီပဲ ဖြစ်တယ်။ အိမ်ရဲ့ တံခါးကိုလည်း ဖွင့်လိုက်ရော တံခါးကိုကိုင်ထားတဲ့ လက်တွေက တင်းကြပ်သွားတော့တယ်။

" စတော်ဘယ်ရီလေးက ငါ့ကို တကယ်မလိုချင်တော့ ဘူးပဲ''

ခပ်တိုးတိုးလေး ရေရွတ်ကာ တံခါးကိုကျယ်ကျယ်ဟပြီး အထဲကိုဝင် လိုက်တယ် ။

အထဲမှာတော့ အရာရာတိုင်းက တိတ်ဆိတ်နေပြီးတော့ သူ့အမေ တစ်ယောက် ထဲသာ ဆိုဖာမှာ ထိုင်နေတာကို တွေ့လိုက်ရတဲ့ တစ်ခဏ မှာပဲရှုပေါ်စု နှလုံးသား က အေးခဲသွားတယ်။

မဒမ်ရှုက သူမသားကိုလည်း တွေ့ရောခေါ်လိုက်တယ်။

" ပေါ်စု ''

သားမိချင်း မျက်နှာချင်းဆိုင် မိ တဲ့ အခါမှာတော့ ၂ ဦးစလုံး မျက်နှာတွေမကောင်းကြပေ။ တစ်ယောက် က သူမသားမှားယွင်း နေတယ်လို့ခံစားရပြီးတော့ ကျန်တစ်ယောက်ကတော့ သူဟာစွန့်ပစ်ခံလိုက် ရပြီလို့ထင်နေလေရဲ့။

ရှုပေါ်စု:'' သူ တကယ်ကြီး  ထွက်သွား ပြီပဲ''

ထိုစကားကို ကြားတော့ မစ္စရှု ခမျာဆွံ့အ သွားပြီးတော့ ဒေါသတွေအလိပ်လိုက်ထွက်လာတယ်။ ပြီးတော့ အိပ်ခန်းဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်တယ်။

" မင်းဟာက အိပ်ခန်း ထဲမှာဟဲ့''

သူမသားဟာ ရောက်လာကတည်းက မအေကို နှုတ်မဆက်တဲ့အပြင် ထိုစကားကိုကြားရော သူ့မိန်းမ လိုပဲ မအေကို တစ်ယောက် ထဲထားခဲ့ကာ အိပ်ခန်းထဲ ကိုပြေးဝင်သွားတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now