Chapter (32.2)

2.9K 405 4
                                    

[Unicode] (32.2)

ရိုးရှင်းပြီးတော့ ကြမ်းတမ်းတယ်.... ဒါက ငယ်ရွယ်တဲ့ကောင်လေး နဲ့ရင့်ကျက် ပြီးသား လူကြီးကြားက ကွာဟချက်ပဲ။

ရှုပေါ်စု က ကျန်းရှု ကို တစ်ခါတစ်လေ ဆွဲဆောင်မှု ရှိတဲ့ အပြုံးမျိုး ပြသလေတယ်။

ဒါကြောင့် ကျန်းရှုကပဲ ရှုပေါ်စု ရဲ့ ဆွဲဆောင် တာခံလိုက် ရတာလား။ ဒါမှမဟုတ် သူကပဲ ပျော့ပါသွားတာလား ဆိုတာကို မသိတော့ပါပေ။

ကျန်းရှုက အတွေးတွေကို ပျံ့ကျဲ မနေစေတော့ပဲ အစားစားတဲ့ နေရာမှာသာ အာရုံစိုက်လိုက်တော့တယ်။

စားပြီးတဲ့ နောက်တော့ ရှုပေါ်စု က လည်ပင်းအထိ  အပိတ်ထောင် ပါတဲ့ suit တစ်ထည်ကို ကျန်းရှုအား ပေးလာခဲ့တယ်။

ဘာလို့ပေးလဲ ဆိုတဲ့ အသေးစိတ်ကို သိတဲ့ ကျန်းရှု ကတော့ သူ့ကို စိမ်းစိမ်းဝါးဝါး ကြီးစိုက်ကြည့်လိုက်တယ်။

ဒီသောက်ကောင်ကြီးက ငါ့ကိုမနေ့က သေအောင် နှောက်ယှက်လိုက်လို့လေ။ မနေ့က တက်ကြွစွာပဲ ငါ့လည်ပင်းတွေ ပေါ်မှာ စတော်ဘယ်ရီတွေ စိုက်ပစ်ခဲ့တာလေ။

" ကျွန်တော် သိပြီ။ ကျွန်တော်လည်း ခများ လည်ပင်းပေါ်မှာ စတော်ဘယ်ရီ တွေစိုက်ရမယ်။ ''

ကျန်းရှုက ပြောတော့ ရှုပေါ်စု က လည်ပင်းကို နာနာ ခံခံ နဲ့ဖွင့်ပေးကာ ပြောလိုက် တယ်။

" မင်းအခု လုပ်လိုက်လို့ ရတယ်နော်''

" စိတ်မဝင်စားဘူး ဗျာ''

အမ်း....  လူမြင်းကွင်းနေရာကိုတော့ သူမကိုက် ချင်ပါဘူးနော်။

ဒါပေမယ့် နောက်တစ်ခါကျရင်တော့ စမ်းကြည့်ရမယ်။

ငါဆိုတဲ့ကျန်းရှုက လုံးဝကို လက်စားချေတက်တဲ့သူတစ်ယောက် မဟုတ်ပါဘူး နော်။

" ဟွန့်''

ငါက သူ့ကြယ်သီးတွေ ပြန်တက်ပေးတော့ သူ့မေးရိုးက အတော်လေးသန်မာတာကို တွေ့လိုက်ရတယ်။

ထိုးပလိုက်ရင်ကောင်းမလား? !

ဒါမှမဟုတ် ကိုက်ပစ်လိုက်ရင်ကော???

" မင်းက ကိုယ့်ကို စိတ်မဝင်စား ဘူးလို့ပြောတာ ကိုယ်ကြားလိုက်တယ်နော်....''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now