Chapter (13 .2)

4.7K 700 17
                                    

{Unicode } (13.2)

ညတုံး ကတည်းက အရမ်းတွေ အိပ်ကောင်းနေတဲ့ ကျန်းရှုဟာဆိုရင်ဖြင့် ကွမ်ယိရွှမ် တစ်ယောက် ဖုန်းမဆက်ခင် အထိကို နှစ်ခြိုက် စွာအိပ်ပျော်နေခဲ့တယ်။

" ကွမ် ယိ ရွှမ်? "

မရင်းနှီးတဲ့ နာမည်က ကျန်းရှုရဲ့ ခေါင်းကို အတော်လေး ကိုက်စေတယ်။ ဒါပေမယ့် သိပ်ကြာကြာ မစဥ်းစား လိုက်ရ​သေးခင်မှာပဲ အဲ့ကောင် က ဘယ်သူလဲ ဆိုတာကို ကျန်းရှု သတိရသွားတော့တယ်။

ဒါပေမယ့် အဲ့မျိုးမစစ်ကောင် ရဲ့နံပါတ်ကို သူတကယ်ကြီး မှတ်ထားခဲ့တယ်ပေါ့လေ။ သူက အဲ့တာကို ဘာလို့ မမှတ်မိတာလဲ?

" ဟယ်လို? "

ကျန်းရှုက အခုမှနိုး လာတာကြောင့် အက်ကွဲ နေတဲ့ အသံနဲ့ ဖုန်းကိုဖြေလိုက်တယ်။

တစ်ဖက်လူ ဖြစ်တဲ့ ကွမ်ယိရွှမ် က တစ်ခဏအေး ခဲသွားပြီးတော့ နာရီကို ကြည့်လိုက်တယ်။

"ဒီအချိန်တောင် ရောက်နေပြီကို ။ မင်းက အိပ်တုံးလား? "

ကျန်းရှု ကလည်း နာရီကို ကြည့်လိုက် တော့ ထိုအချိန်က မနက် ၁၀ နာရီခွဲနေပြီဆိုတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူက သမ်းဝေရင်းနဲ့ပဲ ဒီနေ့မှာ သူတို့ချိန်းထားတာ ရှိတယ်ဆိုတာကို ရုတ်တရက် အမှတ်ရ လာတယ်။

" ငါစိတ်မကောင်း ပါဘူး ။ ငါအအိပ် လွန်သွားခဲ့တာ ''

ကွမ်ယိရွှမ်: '' မင်းက ဘယ်မှာလဲ? ငါမင်းကို လာခေါ်မယ်လေ ''

" မလိုအပ်ပါဘူး  ''

ကျန်းရှုက ဖိနပ်အပါးလေး စီးကာ ဖုန်းကိုင်ထားရင်းပဲ ရေချိုးခန်း ထဲကိုဝင်သွားခဲ့တယ်။

" ငါ တက္ကစီနဲ့ အဲ့နေရာကို လာခဲ့မယ်။ ပြီးတော့ ငါက မင်းကို ဘယ်လိုလုပ် အနှောင့် အယှက်ပေးရဲ မှာတဲ့လဲ? "

ထိုနေရာမှာ ပြောစရာ စကား မရှိ တော့ပါ။ စက္ကန့် အနည်းငယ် လောက် ကြာပြီးနောက်မှာတော့ ကျန်းရှုဟာ တောင်းပန်မှု တစ်ခုကို ရုတ်ချည်းရ ရှိလာခဲ့တယ်။

" ငါတောင်းပန်ပါတယ် ။ အဲ့နေ့ညက မင်းရဲ့ အကြောင်းတွေ ကိုနားလည် အောင်မလုပ်မိပဲနဲ့ မင်းကို မေးခွန်း တွေ ဆိုးဆိုး ဝါးဝါး မေးမိခဲ့တယ် ။ ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now