Chapter (20.1)

4.6K 574 8
                                    

{Unicode }(20.1)

ရှုပေါ်စု နေရာဘက်က ကြည့်ရင် အမှိုက်ပုံးထဲ မှာ သံသယ ဖြစ်ဖွယ် စာရွက် လုံး တစ်ခုကို တွေ့လိုက်ရတယ်။

" ဟမ်  ?''

ရှုပေါ်စုက ခေါက်ထားတဲ့ A4 စာရွက်အလုံးကို ကောက်ယူကာ သူ့လက်ချောင်း တွေနဲ့ ပြန့်အောင် လုပ်လိုက်တယ်။ အမျိုးသား တစ်ယောက် ရဲ့ အဝတ်မပါတဲ့ပုံကြမ်း တစ်ခု ကို တွေ့လိုက်ရ တော့ အံ့အား သင့်သွားလေတယ်။ ရှုပေါ်စု တစ်ယောက် သူ့ရဲ့ မျက်ခုံးတွေကို ပင့်မိသွားတယ်။

ဒါက.......ကျန်းရှုရဲ့ အကောင်းဆုံး လက်ရာ များလား?

ပန်းချီက အရမ်းကောင်းတာပဲရော ။

ရိုးရှင်း စွာပြောရရင် ဒီပန်းချီထဲက လူက မျက်နှာ မပါတာကြောင့် ထိုလူဟာ ဘယ်သူလည်း ဆိုတာကို သူအတပ်မပြော နိုင်လေဘူး။

ရှုပေါ်စု တစ်ယောက် ဒါဟာ ဘယ်သူလဲ ဆိုတာကို ကျန်းရှုဆီ မေးလိုက်ချင်တော့တယ်။ ဒါပေမယ့် ကျန်းရှုကမှ ပန်းချီကို ပစ်လိုက်ပြီ ဆိုမှတော့လည်း သူက ဆက်ပြီး ဂရုစိုက် နေလို့မှ မရ တော့တာ။

တစ်ခဏတော့ ဘာကို ဆက်လုပ်ရမလဲ ဆိုတာကို ရှုပေါ်စု မသိတော့ဘူး ။

အစက သူတွေးတာက ထိုပန်းချီထဲက လူက သူ့ပုံ ဒါမှမဟုတ် တစ်စုံတစ်ယောက် ပေါ့လေ။ ရှုပေါ်စု က ဂရုတစိုက် နဲ့ အမည်မသိ အမျိုးသား ပုံကြမ်းကို အဝေးဆီ တွန်းလိုက်တယ်။

နောက်တော့ ရှုပေါ်စု က စာကြည့်ခန်း ထဲက လေအေးပေးစက် ကို ပိတ်ကာ မီးအလင်းရောင်ကိုပါ ပိတ်ခဲ့လိုက်တယ်။ ပြီးတော့ ရေချိုးခန်း ထဲကို သွားပြီး ရေချိုးလိုက်တယ်။ အိပ်ခန်း ထဲက အိပ်ယာပေါ် မှာတော့ ကျန်းရှု က ဖုန်းတစ်လုံး နဲ့ ဆော့နေလေတယ်။

ရှုပေါ်စု က ကျန်းရှုရဲ့ ဖုန်းကို ပြန်ပေးထားတာကြောင့် သူလေး ဘာဆော့နေသလဲ ဆိုတာကိုတော့ သူခန့်မှန်းလို့ ရလေတယ်။

" မင်း ပန်းချီ မဆွဲတော့ဘူးလား? "

ရှုပေါ်စုက ကျန်းရှု ဘေးနားလေးကို လှဲချကာ လက်နှစ်ဖက် ကိုတော့ ခေါင်းအောက်မှာ ခုထားလေတယ်။ ပြီးတော့ ဘေးက ကျန်းစတော်ဘယ်ရီ လေးကို တွန်းလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now