[Unicode] (25.1)
ရှုပေါ်စုက ကျန်းရှုရဲ့ တမင်သက်သက် ရိုက်ခြင်းကို ခံရပေမယ့် သူက ဘာမှမပြောပဲ ပြုံးပဲ ပြုံးနေခဲ့လေတယ်။
ငါက ဘယ်လို လုပ်ငါ့ဇနီးလေးကို ပြန်ရိုက်နိုင်မှာတဲ့လဲ။
သူက သူ့မိန်းမလေးထက် အသက်၆နှစ်ပိုကြီးတာကြောင့် ကိုယ်ပိုင်ထိန်းချုပ်မှုက ပိုကောင်း တာပေါ့လေ။
သူက ခံစားချက် နဲ့ပတ်သက်ပြီး တော့ အပြင်ဘက်ကို နည်းနည်း လေးမှ ထုတ်မပြလိုပါဘူး။ ဒါပေမယ့် ထိုအရာက ကျန်းရှုရဲ့ ရောက်သွား ရင်တော့ သူ့ရဲ့အကျင့်ကလည်း ပျောက်သွားပါတယ်။
" တုံးလိုက်တာ''
ကျန်းရှုက သူ့ကို တစ်ခဏလောက် ရိုက်ကာ ပြောလိုက် တယ်။ သူ့ယောကျာ်းက တစ်ကယ့်ကိုပြင်းစရာ ကောင်းတာပဲ။
" ထတော့ ။ ကျွန်တော်တို့က ဒီနေ့ကစပြီးတော့ ၂ယောက်လုံး အလုပ်ကို သွားဖို့လိုတယ်လေ''
ကျွန်တော် တို့ ၂ ယောက်လုံးဆိုတဲ့ စကားလုံးကို ရှုပေါ်စု က အာရုံစိုက် မိတော့ သဘောကျစွာ ရယ်လိုက်တယ်။
" ခများက ရီနေသေးတယ်ပေါ့လေ။ ရှုနာနတ်သီး ''
ကျန်းရှုက မရီချင်ပါဘူး။ ဒါပေမယ့် ထိုအရာက သမ်းဝေသလိုပဲ တစ်ယောက်နဲ့ တစ်ယောက်ကူးစက် တက်တာကြောင့် သူပါမထိန်းနိုင်တော့ပဲရယ်လိုက်မိတယ်။
" ခများရဲ့ လူချမ်းသာ သခင်လေးဆိုတာက အတုပဲ ဖြစ်ရမယ် ''
ဘာလို့လဲဆိုတော့ သူက ဒီလောက်တုံးတဲ့ လူချမ်းသာတွေ ကိုမမြင်ဘူးလို့ပဲ။
( မင်းရှေ့မှာ တုံးအမိတဲ့ ကိုယ်တို့ဘာတို့ပေါ့ကွာ)
" ထိုအရာက နာမည် အတုတင်မကဘူး ''
ရှုပေါ်စုက ရယ်တာကို ရပ်သွား ပြီးတော့ တည်ကြည်တဲ့ မျက်နှာနဲ့ပြောလိုက်တယ်။
" အဲ့တာတွေက ကိုယ့်မိဘတွေ လုပ်ခဲ့တဲ့အရာပဲ။ ဒါက ကိုယ်လုပ် ခဲ့တာမှမဟုတ်ပဲလေ။ ''
ကျန်းရှုက ခေါင်းငြိမ့်ပြီး ထောက်ခံတယ်။
" ဒါတော့ အမှန်ပဲဗျ''

STAI LEGGENDO
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Storie d'amore'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...