Chapter (27.2)

2.9K 432 9
                                    


{Unicode }(27.2)

ရထားပေါ်မှာ ထိုင်ခုံမရှိတော့တဲ့အတွက်ကြောင့် ကျန်းရှုက ရှုပေါ်စု ရဲ့ အရှေ့နား မှာမတ်တပ်ရက်နေ ခဲ့လေတယ်။ သူ့အနောက်က နေ ထိုလူက သူ့ကို ထိန်းထားပေးတာကို လည်းခံစား မိလေတယ်။ ပြီးတော့ စကားအနည်းငယ် လည်းပြောနေ ခဲ့လေတယ်။

" ခများပဲ ပြောကြည့် ဗျာ ''

ကျန်းရှုက မျက်မှောင်ကြုတ် လိုက်ပြီးတော့ နားမလည် လိုက်တာကြောင့် ပြန်မေးလိုက်တယ်။

" ကျွန်တော်က ခွေးတစ်ကောင် လိုတောင် ဆာလောင်နေတာလေ။ ဘာလို့ ခများချက်ကျွေးမယ့် ဟာကိုပဲ စောင့်ပြီး စားချင်နေရတာလဲ? ခများကပဲ အချက်အပြုတ်ကောင်း နေတာလား ။ ဒါမှမဟုတ် အပြင်စာတွေကပဲ ဆိုးဝါးနေတာလား?''

" ကိုယ်က ချက်နိုင်လို့ပေါ့ကွ။ မင်းမှာ ဟင်းချက်နိုင်စွမ်း ရှိလို့လား? "

ရှုပေါ်စုက ခေါင်းကို နှိမ့်ချ ပြီးတော့ သူ့စတော်ဘယ်ရီလေး ရဲ့နား ကိုကိုက်ကာ အပြူံးလေးနဲ့ ပြောလိုက် တယ်။

" ဒီနည်းလမ်း လေးသုံးမှပဲ မင်းက အိမ်ကိုကြိုက်တော့မှာလေ.......  ကိုယ့်ကို ရောပေါ့''

" ခများကို ဘယ်သူကြိုက်နေလို့လဲ? "

ကျန်းရှုက ရူးချင်ယောင်သာ ဆောင်လိုက်တော့တယ်။

" ကိုယ်မင်းကို ကြိုက်တယ်။ ''

သူက ရုတ်တရက်ကြီး ဝန်ခံလာတယ်။

ကျန်းရှု တစ်ယောက် မူးမေ့သွားလေတယ်။  ထိုအရာကို ပြန်တွေးကြည့်တာနဲ့  ရှက်သွေးဖြန်း လာခဲ့တယ်။ ဒါက ရှုပေါ်စု တစ်ယောက် သူ့ဆီကို ပထမဆုံး အကြိမ် အနေနဲ့ ' မင်း ကို ကြိုက်တယ်' ဆိုတဲ့ စကားသုံးလုံးကို သေချာရှင်းရှင်းပြောတာပဲ ဖြစ်တယ်။

ရှုပေါ်စု နဲ့သူက ကာမစက်ယှက် ထားပြီးသားလေ။ ဒါကြောင့် အခုချိန် ဝန်ခံတာက အံ့သြစရာ တောင်မရှိလေဘူး။ အမှန်ဆို ဒီ့ထက်ပိုစောသင့်တာလေ။

ကျန်းရှု က ထိုအကြောင်း ကိုတွေးကာ သူက သူ့ကို တိုက်ရိုက်ဝန်ခံ နေတဲ့ အမျိုး သားကို မကြည့်ရဲပါပေ။

ပြီးတော့ ထိုလူကလည်း သူ့ရဲ့ အတွေးတွေကို မေးလိုတဲ့ပုံ မပေါ်လေဘူး။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now