Chapter (25.2)

3.2K 427 3
                                    

{Unicode }(25.2)

ကျင်ကျန်း မြို့ဟောင်းတွင် ပဲ ရှိနေသေးသည်။

" ဒီနေရာပဲ''

လမ်းမ တစ်လျောက် လမ်းလျှောက် နေတုံး သူတို့ ၂ ယောက်ကြားမှာ ဘာမှ ပြောစရာ စကားမရှိပေမယ့် ၂ဦးသား ကြားက လှုပ်ရှားမှု လေးတွေကတော့ အနည်းငယ် နီးကပ်လို့ နေလေတယ်။

မင်းက ငါ့ကို တွန်းရင် ငါကလည်း မင်းလုပ်သလိုပြန်လုပ်မယ်..... ဒါက ရိုးစင်းတဲ့ ကိစ္စရပ်လေး ဖြစ်ပေမယ့် ကျန်းရှုတစ်ယောက် ပျော်နေမိတယ်။ တွေးရင်းနဲ့ပဲ သူက ဆွဲဆောင်အား ပြင်းတဲ့ ယုတ်မာသူ တစ်ယောက် လိုပြုံးကာ ဘေးက လူချောလေးရဲ့ တစ်နေရာကို ညှစ်ပြီးတော့ မေးလိုက်တယ် ။

" မနက်ခင်းတုံးက ခများ ကျွန်တော့်ကို မမေးခဲ့ဘူးလား?''

(😳😐😐)

" ဟမ်း..... မင်းပြောတော့ မင်းမလိုချင် ပါဘူးဆို''

ရှုပေါ်စု တစ်ယောက် ကျန်းရှု ရဲ့စိုက်ကြည့်ခြင်းကို ခံလိုက်ရပြီးတော့ မြန်မြန်ပဲ အဲ့တာကိုလွှတ်ပေးခြင်းခံ လိုက်ရတယ်။

" ဘိုင့်''

ကျန်းရှုက နှုတ်ဆက် လိုက်တယ်။

" မင်းမှာနေ့လည်စာ နားချိန်ကောရှိရဲ့လား?''

ရှုပေါ်စုရဲ့စကားတွေက ကျန်းရှုရဲ့ ခြေလှမ်းတွေကို တန့်သွားစေတယ်။

" ကျွန်တော်လည်းမသိဘူးဗျ။ ပြီးကျရင် ခများကို လှမ်းပြောမယ်လေ''

လူတိုင်း က မြေအောက် ရထားပေါ်ကနေ အပြေးအလွှား ဆင်းနေကြပါပြီ။ ရှုပေါ်စုကို နှစ်ခါလောက် ပြန်လှည့်ကြည့် ပြီးတဲ့နောက်မှာ ကျန်းရှုတစ်ယောက် ရထားပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။

ထိုဖြစ်ရပ်မှာ ဘေးကကြည့်နေတဲ့ လူတွေကတော့  ထိုကောင်လေး ၂ယောက်ကြားမှာ ပြောမပြနိုင်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေမှန်း ခန့်မှန်းနိုင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေက ဘေးကနေ အကုန်.. မြင်...  လိုက်..ရ....တယ်လေ။

ကျန်းရှုက ကုပ္မဏီ ကို ပထမဆုံး အကြိမ် သတင်းပို့ပြီးတဲ့နောက်မှာ သူ့လို့ပဲ အသစ်ရောက်လာတဲ့ လူ ၂ယောက်နဲ့အတူ အလုပ်ခန့်ခြင်းဖြစ်စဥ်က ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားခဲ့လေတယ်။ သာမန်ဝန်ထမ်းတွေကလည်း ထိုကဲ့သို့ ပုံမှန်ပဲ လုပ်ကြရလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now