Chapter (40.3)

3.2K 437 13
                                    

[Unicode] (40.3)

" ဘာလဲ ?''

ကျန်းရှုက ပါးစပ်နားကို ရောက်နေတဲ့ အညိုရောင် စွပ်ပြုတ် အရည်ကို အနံ့ခံလိုက်ပြီးတော့မှ သူ့ပါးစပ် ကိုဖွင့်လိုက်တော့ တယ်။

" ခများက ကျွန်တော် ကို ဒီလိုမျိုးပဲ ကျွေးဖို့ ရည်ရွယ် ထားတာလား ''

" ဟုတ်တယ် ''

ရှုပေါ်စုက ပြုံးကာ နောက်တစ်ဇွန်း ထပ်ခပ်လိုက်တယ်။ အခုတော့ သူက ခေါင်းကိုငုံ့ကာ အနည်းငယ် သောက်ကြည့် လိုက်လေတယ်။ အနံ့နဲ့ အရသာကတော့ တကယ်ကိုမဆိုးပေ။ ဒါပေမယ့် ရှုပေါ်စုက ထိုစွပ်ပြုတ်ကို ဆက်ပြီးမမြည်းရဲတော့ပေ။

တကယ်လို့ ဒါက သူ့အတွက် အာဟာရတွေပြည့်စေရင် ညရောက်တဲ့ အခါသူအိပ်ပျော်တော့မှာ မဟုတ်ပေ။

" အရူးတစ်ယောက်လို မျိူးပျော်နေတော့တာပဲ''

ကျန်းရှုက ခပ်တိုးတိုး ပြောလိုက် တယ်။ သူက ရှုပေါ်စု ခွံ့ကျွေးသမျှကိုတော့ မငြင်းဆန်ခဲ့ပေ။ ဒါ့အပြင် ထိုနည်း လမ်းကအရမ်းကို အသုံးဝင်တယ်လို့တောင် သူခံစားရတယ်။ ကိုယ်ဝန်ရှိ ကတည်းက သူအစာ မစားနိုင်တော့ပေ။ သူ့ယောကျ်ားက အခုလိုမျိူး ခွံ့ကျွေးရင် နောက်ထပ်၂ ပန်းကန်လောက် စားဝင်လောက်တယ်လို့ တွေးမိတယ် ။

" ဟုတ်တာပေါ့ကွာ''

ရှုပေါ်စုက သူ့ကိုယ်သူ တွေးလိုက်တယ်။ သူက အရူးလေး တစ်ယောက် လိုမျိုးပျော်နေ ရုံတင်မကဘူး ဆိုတာကိုပေါ့။ ကျန်းစတော်ဘယ်ရီလေး မှာကိုယ်ဝန်ရှိတယ်လို့ ကြားပြီးကတည်းက သူ့မျက်နှာပေါ်က အပြုံးတွေဟာ ဘယ်တော့မှ မပျောက်သွားခဲ့တော့ပေ။

အခုအခြေအနေမှာ သူက တစ်ချို့အကြောင်းတွေကြောင့် စိတ်သက်သာရာ ရသွားပေမယ့် တစ်ချို့အကြောင်း တွေကြောင့်ပဲ နှလုံးသား ထဲမှာ စိုးရိမ်ပူပန်မှု တွေတိုးပွားလာတယ်။

ကျန်းရှု ကိုယ်ဝန်ရှိတာကြောင့် သူက သူ့မိန်းမလေးကို ထွက်မပြေးနိုင်အောင် ချည်နှောင်လိုက်ပြီ ဖြစ်တယ်။ ဒါကြောင့် သူပျော်ရွှင်ရတယ်။ စိုးရိမ်ရတဲ့အကြောင်းကတော့ သူတို့တွေဟာ အဖေတွေ ဖြစ်လာဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာ မရေရာသေးတဲ့အကြောင်းပေါ့လေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now