{Unicode }(24.1)
ကျန်းရှုက အလုပ်မသွားရ သေးတဲ့ နေ့လည်ခင်းကို မြတ်နိုးပြီးတော့ သူကြည့်ချင်တဲ့ ဇာတ်ကားကိုလည်း ကြည့်တယ်။ ပြီးတော့ ဆော့ချင်တဲ့ ဂိမ်းကိုလည်း ဆော့ထားလေတယ်။
ဒါပေမယ့် အဲ့တာပြီးသွားတဲ့ နောက်မှာတော့ ရှုပေါစုရဲ့ သေးငယ်တဲ့ တိုက်ခန်းလေးထဲမှာ သူရှိနေဆဲပဲ။ သူခံစားမိ တာကတော့ ဒီလို ဘာသူမှ မရှိတဲ့ နေမရာမှာ ပေါက်ကွဲလိုက်ဖို့ ဘာအကြောင်း ပြချက်မှ မရှိဘူး ဆိုတာကိုပေါ့။
အလုပ်စလုပ်ရတော့မယ့် ခံစားချက် က ဖော်မပြနိုင်လောက်အောင် မလုံခြုံတဲ့ ခံစားချက် ကိုတော့ မဖုံးလွှမ်းနိုင်ဘူးနဲ့ တူပါတယ်လေ။
တံခါးပေါက် ဖွင့်သံကို မကြားခင်အထိ ပေါ့။ တံခါးပေါက် ကို အပြင်ကနေ ဖွင့်တဲ့ အသံလေး က ကျန်းရှု အတွက်တော့ အလွန်ကို ချိုမြိန်နေပြီးတော့ ချက်ချင်း ပဲ အိပ်ယာပေါ်ကနေ ဂဏန်း တစ်ကောင်လို ခုန်ထစေခဲ့တယ်။ ပြီးတော့ တံခါးနားကို ဂရုတစိုက် နဲ့ကပ်သွားပြီးတော့ အိပ်ပျော်နေဟန်ဆောင်ကာ အိပ်မှုန်စုံမွှား မျက်လုံးတွေကို ပွတ်သက်ရင်း မေးလိုက်တယ်။
" ဟမ်? ခများပြန်လာတာလား?''
" ဟုတ်ပါတယ်ဗျ''
ရှုပေါ်စု ရဲ့မျက်လုံး တွေက တောက်ပနေပြီးတော့ သူက ကောင်လေးကို အပေါ်ကနေ အောက်အထိ ကြည့် လိုက်တယ်။ သူ့ရဲ့ ပုံစံလေးက ရှုပေါ်စု ကို အတော်လေး ဆွဲဆောင်မှု ရှိနေလေတယ်။
" ခများက ဘာကို ကြည့်နေတာလဲ?''
ကျန်းရှုက သူ့ကိုသူ ပြန်ငုံ့ကြည့်လိုက်တော့ ကြီးမားတဲ့ တီရှပ်ကြီးနဲ့ ဘောင်းဘီ တိုလေး ပဲ ဝတ်ထားတာကို တွေ့လိုက်ရ တယ်။ ဒါက သာမန် ပဲ မဟုတ်ဘူးလား ။
" ဟေး ကျွန်တော် ရေချိုးခန်းထဲကို သွားလိုက် အုံးမယ်''
ခြေ ၂လှမ်းလောက် လှမ်းပြီးတဲ့ အချိန်ကျမှ အနောက်ကို ပြန်လှည့် ကာပြောလိုက်တယ်။
" အိုး ဟုတ်သားပဲ ။ အသီးအရွက် တွေက ရေခဲသေတ္တာ ထဲမှာနော် ''
နောက်ဆုံးမှာ တော့သူလေး ထွက်သွား ပြီပဲ ဖြစ်တယ်။

STAI LEGGENDO
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Storie d'amore'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...