Chapter (39.1)

3.4K 492 10
                                    

[Unicode] (39.1)

ကွမ်ယုပိုင်က ဘာကိုပြောချင်နေသလဲ ဆိုတာကို ရှုမိသားစု နားလည်သွားတဲ့အခါမှာတော့ ပိုလို့တောင် ဖြူဖျော့သွားတော့တယ်။

တကယ်လို့ ဒါသာ ရှုပေါ်စုရဲ့ ကလေးဆိုပါက အဲ့ကလေးက ဘယ်လိုလုပ် ကျန်းနဲ့ကွမ် မိသားစု ရဲ့အပိုင်ဖြစ်ရမှာတဲ့လဲ။

" မဟုတ်သေးဘူးနော် ။ ခမည်းခမတ်''

ရှုထင်းရှောင်က စီးပြီးသားရေကို ပြန််ဖို့ကြိုးစားနေခဲ့တယ်။

"တကယ်လို့ ချွေးမလေးကသာ ကလေးမွေးနိုင်တယ် ဆိုမှတော့ ငါတို့ကဘာလို့ အငှားကိုယ်ဝန်ဆောင် ခိုင်းဖို့လိုနေအုံးမှာတဲ့လဲ။ သဘာဝအတိုင်း ပဲမွေးဖွားစေပြီးတော့ ကလေးကို သူတို့တွေအတူတူ ပျိုးထောင်ကြတာက ပိုကောင်းတာပေါ့''

"ဟုတ်တာပေါ့ဗျာ။ ''

ကျန်းရှုက သူ့ကိုယ်သူနဲ့ရှုပေါ်စုကိုညွှန်ပြ လိုက်ကာ ပြောလိုက်တယ်။

" ကျွန်တော် တို့ ၂ ယောက်ပဲ ကလေးကိုပျိုးထောင်မယ်။ ဒီနေရာမှာ ကလေးအတွက် ဘာပိုက်ဆံမှ လာပေးစရာမလိုတဲ့အပြင် ဘာအချစ်တွေမှ လာပေးပြီးပျိုးထောင်ဖို့ မလိုဘူးနော်''

နောက်တော့ ကျန်းချူနမ်နဲ့ ကွမ်ယုပိုင်ကို ရည်ညွှန်း ကာပြောလိုက်တယ်။

" ကျွန်တော် ကလေးကို အဖိုးအဖွား လက်ထဲကို မပေးနိုင်ဘူး နော်။ ''

" ဟုတ်တာပေါ့ ။ ကလေးမှာ ဦးလေး တစ်ယောက် ရှိသေးတယ် လေ။ ''

ကွမ်ယုပိုင်က သူ့မသား အကြောင်း ကိုဂုဏ်ယူစွာနဲ့ ပြောလိုက် တယ်။

" ကျွန်မ မိသားစု ထဲမှာ ယိရွှမ် က အကြီးဆုံးသားလေ။ ဒီတော့ ကလေးလေးရဲ့ ဦးလေးပေါ့။ သူကဆို ကလေးတွေသိပ်ချစ်တက်တာလေ။ ''

မဒမ်ရှုက ထိုင်နေရာမှာ အတောင့်လိုက်ကြီး ဖြစ်နေခဲ့တယ်။ သူမ အခုအခြေအနေကို လုံးဝမယုံကြည်နိုင် ဆဲဖြစ်နေတုံးပေ။

သူမရဲ့ ပထမဆုံး မြေးလေးက ရှုမျိုးရိုး မတပ်ရတော့ဘူး ဆိုတာကိုသူမ မယုံနိုင်သေးပေ။ အခုမှတော့ သူမရဲ့လှောင်ပြောင် ထားတဲ့စကားတွေကို ပြန်ရုတ်သိမ်းဖို့ မတက်နိုင်တော့ပါပေ။ ရှုထင်းရှောင်ကတော့ အရမ်းကိုစိတ်ဆိုးနေပြီးတော့ သူ့ရဲ့ ဝက်လိုအသင်းဖော် ဇနီးကို စိတ်ပျက်လက်ပျက်နဲ့ ဒေါသထွက်စွာ ကြည့်နေခဲ့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now