Chpater (38.2)

3.2K 492 26
                                    

[Unicode] (38.2)

ဒီလိုတွေ ခွဲနေပြီးတဲ့ နောက်မှာတော့ လူငယ်တွေရဲ့ မရေရာတဲ့ ခံစားချက်တွေက တဖြေးဖြေး နဲ့ပြိုကွဲ ပျောက်ပျက်ကုန် လိမ့်မယ်။ ဒီလောက်သေချာနေတဲ့ အခြေအနေမှာ သူတို့မိဘတွေ အနေနဲ့ ဘာကြောင့်များလူဆိုးလုပ်ဖို့ လိုနေသေးသတုံး။

" ဒီဟာကို ကျွန်တော် လုံးဝ သဘောမတူနိုင်ဘူး''

ကျန်းရှုက ဆက်ပြောတယ်။

" ကျွန်တော် တို့က တရားဝင်လက်ထပ်စာချုပ် ရထားပြီးသား အတွဲတွေပဲ။ ဒါကြောင့်မို့ ကျွန်တော် လက်ထပ်ပွဲ ကျင်းပဖို့လိုအပ်တယ်။ ပြီးတော့ သူက ကျွန်တော့်ကို လက်ထပ်မှတ်ပုံ တင်သွင်းပြီးတော့ ဒီအိမ်လေးထဲကို ခေါ်လာခဲ့တာလေ။ ကျွန်တော် သာ သူ့ရဲ့တရားဝင် ပိုင်ဆိုင်သူပဲ။ ဒီအခြေအနေကိုမှ လက်မခံနိုင်လဲ မတက်နိုင်ဘူး ဗျ။ ''

နောက်တော့ ကျန်းရှုက လက် ၂ ချောင်းထောင် ပြီးတော့ပြောတယ်။

" ခများတို့မှာ ရွေးချယ်စရာ အခြေအနေ ၂ မျိုးရှိတယ်။ ပထမ တစ်မျိုးက ကျွန်တော့်ကို လက်ထပ်ပွဲ လုပ်ပေးပြီး မိသားစု အိမ်ထဲကို ခေါ်သွင်းပါ။ နောက်တစ်မျိုးကတော့ ကျွန်တော် က ခများတို့သားကို လက်ထပ်ပြီး ကျွန်တော် ရဲ့အိမ်ထဲကိုပဲ ခေါ်သွင်းလိုက်မယ်။ ပြီးတော့ သူက ကျန်းမိသားစုရဲ့ ချွေးမ ဖြစ်လာလိမ့်မယ်။ ''

" ဒါကတော့ မင်းအရမ်း လွန်နေပြီ ''

မဒမ်ရှုက သူမရှေ့က စားပွဲကိုပုတ်ကာ ပြောလိုက် တယ်။ ဒီကောင်လေးရဲ့ အတွန့် တက်မှုကိုသူမ တကယ်သဘောမကျပါပေ။

" မင်းကို ပေါ်စုက ကြိုက်တယ် ဆိုတာနဲ့ပဲ မင်းက ငါတို့အပေါ်ကို မလေးမစားပြုမူလို့ ရတယ်လို့မဆိုလိုဘူး''

( မလေးစားဘူးလို့ ဘယ်သောက်လုံးနဲ့ ကြည့်နာလဲ အဖွားကြီး)

" အမေ''

ရှုပေါ်စုက အရှေ့က စားပွဲကို လက်နဲ့ပြင်းပြင်းရိုက်တဲ့ သူ့အမေကို မျက်မှောင်ကြုတ်ကြည့်ကာ ကျန်းရှုရဲ့ခေါင်းလေးကို အသာလေးပုတ်ပေးပြီးတော့ ပြောလာတယ် ။

" စကားပြော မယ်ဆိုရင်လည်း စကားပဲ ပြောကြလေ။ ဘာလို့များ သူ့ကိုခြောက်လန့်နေရတာလဲ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now