Chapter (34.3)

2.9K 413 12
                                    

[Unicode] (34.3)

" ဒီပေါ်ကို သွေးတစ်ချို့တင်လိုက်''

ရှောင်းဝမ်က စိတ်ကိုငြိမ်အောင်ထား ပြီးတော့ ဖန်ပြားကိုပေး လိုက်တယ်။

" HCG လုပ်ရအောင်လို့''

" အိုကေ''

ကျန်းရှု တိုးတိုးလေး  ပြောလိုက် တယ်။
စမ်းသပ်ဖို့အတွက် သွေးနမူနာကို ယူသွားပြီးတဲ့အချိန်မှာပဲ ရှောင်းဝမ်က ကျန်းရှုရဲ့ မျက်နှာချင်း ဆိုင်က ခုံကိုထိုင်ကာ စကားပြောလိုက်တယ်။

" ငါ့ကိုပြောပြ နိုင်မလား?''

ရှောင်းဝမ်ခမျာ သူ့ရဲ့အသံကို အတက်နိုင်ဆုံး ထိန်းထားပြီးတော့ ကျန်းရှုကို ပြောလေတယ်။

" ငါက မစ္စတာ ကျန်းကို ပြန်ပြောပြ မှာမဟုတ်လို့ ငါက မင်းကို ကူညီဖို့ပဲ ရည်ရွယ်ပြီး မေးတာပါ။ မင်းကိုနာကျင်အောင် မလုပ်ပါဘူး ။ ''

" ကျေးဇူးပါ ဆရာရှောင်း ''

အမြဲတမ်း သူ့ကို ဂရုစိုက် ပေးတဲ့ လူကို ကျန်းရှုကျေးဇူးတင်ပြီးတော့မှ ရှောင်းဝမ်က ဆက်ပြီး ပြောလိုက် တယ်။

" အဲ့လိုကြီးမတွေးပါနဲ့။ မင်းတွေးနေသလို မဟုတ်ပါဘူး ကွာ။ ငါကလူပျိုပါဟ''

ကျန်းရှုက သူ့အတွက် တော့ ညီလေးတစ်ယောက် လိုပဲလေ။ ဒါပေမယ့် အဲ့လိုကိစ္စက ကျန်းရှုဆီမှာ ဖြစ်လာတော့ သူအတော်လေးစိတ်ဆိုးမိတယ်။

" တစ်ခြား တစ်ယောက် ကရော ဒီအကြောင်း ကိုသိပြီလား?''

ထိုမေးခွန်းကို ကြားပြီးနောက် ကျန်းရှုစတင်ပြီး နောက်ထပ်စိုးရိမ်လာတယ်။ အဲ့ဒါကဘာလဲဆိုတော့ သူတို့ကြားမှာ ထိုအရာကြောင့် ဆက်ဆံရေးက ပျက်စီးသွားမလား ဆိုတာကိုပေါ့လေ။

" ကျွန်တော် အခုထိမပြောရ သေးဘူး''

သူက မသိလိုက် ပဲ စားပွဲပေါ် လက်တင်ကာ တစ်တောာက်တောက် ခေါက်နေမိတယ်။

" သူ့ကို ဘယ်လိုပြောရမလဲ ဆိုတာကို ကျွန်တော်မသိသေးဘူး''

ရှောင်းဝမ်က ခေါင်းငြိမ့်ပြ တယ်။ ပြီးတော့ နောက်မေးခွန်း တစ်ခုကိုမေးလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now