Chapter (10.3)

5.5K 717 9
                                    

[Unicode] (10.3)

ရှုပေါ်စုက ကျန်းရှု ဘေးနားမှာ ရှိနေကာ ကျန်းစတော်ဘယ်ရီ လေးကို သူ့ရဲ့ အတွင်းဘက် ဘေးမှာ ထားရင်း လျှို့ဝှက်စွာ နဲ့ ကာကွယ်ပေးနေ လေတယ်။

ရှုပေါ်စု က ကျန်းရှုကို ကာကွယ် ဂရုစိုက် ပေးလေလေ ကျန်းရှု ရဲ့ မျက်လုံး ထဲမှာ သူက ပိုပြီးတော့ ကြည့်ကောင်း ချောမောကာ ပိုချစ်လာလေလေပဲ ဖြစ်လေတယ်။ ဒါဟာ အစကတည်းက ကျန်းရှု စိတ်ကူးယဥ် ခဲ့ရတဲ့ ပုံစံပဲလေ။

တစ်ဖက်က ရှုပေါ်စု ကလည်း အစပိုင်း တုံးက ကျန်းရှုရဲ့ ပင်ကိုအရည် အသွေးနဲ့ စရိုက် ၂ ခုလုံးက ရဲရင့်ပြီး ထက်မြတ်တယ်လို့ မြင်ခဲ့တာပဲ ဖြစ်တယ်။ အချိန် အတော်ကြာ အတူရှိပြီးတဲ့ အခါမှာ​တော့ သူလေးက ပိုလို့တောင် ချစ်ဖို့ကောင်း လာတယ် ဆိုတာ သူသိလာရတယ်။ ပြီးတော့ အရှက်ကလည်း တစ်စက် ကလေးမှ တောင်မရှိလေဘူး။

( နင်တို့အတွဲပဲ ကဲကဲသဲသဲ တအားဖြစ်)

၁၀မိနစ် လောက် လမ်းလျောက် ပြီးတဲ့ အခါမှာတော့ မြေအောက် ရထား ဘူတာရုံ ပေါက်ကို ရောက်လာခဲ့ပါပြီ။ ဒီကသုတ်ကရိုက် နာရီပိုင်း အတွင်းမှာတင် လူတွေက ပြည့်ကျပ်လာ ပါတယ်။ ကျန်းရှုက သူ့သွားတွေကို ကြိတ်ကာ စိတ်တိုစွာ ပြောခဲ့တယ်။

" ကျွန်တော်သာ စာမေးပွဲ နောက်ကျ လို့ကတော့ ခများ အသေပဲ ''

" ကိုယ်က နောက်ကျမခံ ပါဘူးကွာ ''

ရှုပေါ်စုက ကျန်းရှုကို ဦးဆောင်ရင်း လက်မှတ် တစ်စောင် တောင် စောင့်မဝယ်နေပဲ လူပင်လယ် ကြီးထဲကို ဝင်သွား တော့တယ်။ ဘာလို့လဲ ဆိုတော့ မနေ့က သူဟာ ရထားလက်မှတ် ၂စောင်ကို ကတ်နဲ့ ဖြတ်ထား ပြီးသား မလို့ပါပဲ။

" ဒီဟာက ဒီမှာပဲ ''

ကာတွန်းပုံလေးတွေကို ထိုကတ်လေးတွေ အပေါ်မှာ ရိုက်နှိပ်ထား လေတယ်။ ကျန်းရှုက သံသယ ဖြစ်စွာ နဲ့ တစ်ကဒ်ကို လှမ်းယူ လိုက်တယ်။

" ဒီလိုဟာမျိုးတွေ ကိုလည်း ခများက လုပ်တက်သေးတာလား? "

" မြန်မြန် လေး ။ မင်းအရင်ဆုံး သွားလိုက်ပါ ''

ရှုပေါ်စုက ပြောလိုက် တယ်။ သူတို့ရဲ့ အနောက်မှာ လူတန်းရှည်ကြီး ရှိနေသေးတာကြောင့် ကျန်းရှုလည်း ဒီအကြောင်းကို သိပ်အများကြီး တွေးမနေတော့ပဲ မြန်မြန် ကတ်ဖြတ်လိုက်တော့တယ်။ ရှုပေါ်စု ကလည်း သူ့နောင်ကနေ နီးကပ်စွာပဲ လိုက်လာ ခဲ့လေတယ်။ ကျန်းရှုရဲ့ သံသယ ဝင်နေတဲ့ အကြည့်တွေကို ရှုပေါ်စု မြင်သွား တာကြောင့် သူ့နှုတ်ခမ်း ထောင့်တွေက ကော့တက် သွားလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now