Chpater (22.2)

3.9K 517 3
                                    

{Unicode }(22.2)

ရှုပေါ်စုက တံခါးနားမှာရပ်နေပြီးတော့ သူ့ရဲ့ အရပ်ကြီးကို မှီခိုကာ ထွက်သွား တဲ့ပုံရိပ်လေးကို သူမမြင်ရတော့တဲ့အထိကို အနောက်ကနေကြည့်နေခဲ့လေတယ်။

သူက အစကည်းက A မြို့တော်သား တစ်ယောက် ဖြစ်ပေမယ့် ကျန်းရှုဟာ နေရာတိုင်းကို လျောက်သွားတက်တဲ့ လူမျိုးမဟုတ်လေဘူး။ ဒါကြောင့် သူမရောက်ဘူး တဲ့ နေရာတွေ အများကြီး ရှိနေလေတယ်။

ဥပမာ အားဖြင့် အခု အင်တာဗျူး သွားဖြေမယ့် ကုပ္မဏီ ရဲ့ နေရာနဲ့ မရင်းနှီးနေတာမျိုးပေါ့လေ။

ကျောင်းသားတွေ က အမြဲတမ်း အရသာ ရှိတဲ့ အစားအသောက် ဆိုင်နေတွေနဲ့ အပျော်ရှာတဲ့ နေရာတွေကိုပဲ သွားတက်ကြတာလေ။

အခုက ကျတော့ အလုပ်သမား တစ်ယောက် အတွက် ရုံးနေရာဆိုတော့ ထိုနေရာမှာ အရသာ ရှိတဲ့ အစားအသောက်နဲ့ ပျော်စရာ ကိစ္စလေးတွေ က အနည်းငယ် တော့ ရှိကောင်း ရှိနိုင်ပါတယ်။

ကျန်းရှုကို အင်တာဗျူး လာဖြေခိုင်းတဲ့ အသိပေးစာ ပို့လာတဲ့ ကုပ္မဏီ က ကျန်းရှုရဲ့ မြင်ကွင်းထဲ မှာတော့ သေးငယ် တဲ့ ကုပ္မဏီ တစ်ခု ပါပဲ။

တစ်ခြားပြောရရင်ကွာ သူက သူ့လိုမျိုး ဘွဲ့မရသေးတဲ့ လူတွေနဲ့ လူသစ်စုဆောင်းရေး ထဲပါဖို့ကို ယှဥ်ပြိုင်ပြီး တိုက်ခိုက် ကြတာမျိုး မလုပ်ချင်ဘူး ။

ဒါပေမယ့် မမျှော်လင့်ထားပါဘူး။ ဒီကုပ္မဏီရဲ့ စည်းကမ်းချက်တွေ ကလည်း မဆိုးတဲ့အပြင် လုပ်​ဆောင်ချက်တွေကလည်း ရိုးရှင်းပါတယ်။ 

သူ့ကို အင်တာဗျူး တဲ့ Hr က ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက် ပါပဲ။ သူမက သူ့ကို ပုံမှန်မေးလေ့ ရှိတဲ့ မေးခွန်း တစ်ချို့ကိုမေးမြန်းခဲ့ ပြီးတော့ အနောက်ကို ပြန်သွားပြီး အသိပေးချက် အတွက် စောင့်ဆိုင်း ခိုင်းခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ အနောက်မှာ အင်တာဗျူး ဖြေမယ့်လူတွေ အများကြီး ရှိနေသေးလို့ပါပဲ။ အရပ်အရှည်ကြီးတွေနဲ့ အပုလေးတွေ က ကျန်းရှုထက်တော့ ပိုပြီးကောင်းမွန်ဟန် ပေါ်ပါတယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now