Chapter (41.1)

3.4K 434 7
                                    

[Unicode] (41.1)

ကျန်းရှုက ဒီမိသားစု တွေရဲ့နေထိုင်မှု ပုံစံနဲ့ တကယ်ကြီးအသားမကျသေးပေ။ လူတိုင်း က စောင့်ကြည့်ခံနေရတဲ့ မျောက်တစ်ကောင်နဲ့ တူတယ်လို့ခံစားမိခဲ့တယ်။ မိသားစု ထဲကလူတိုင်းက မင်းကိုစောင့်ကြည့်နေကြပြီးတော့ သူတို့တွေရဲ့ နှလုံးသား တွေအကုန်လုံး နဲ့ သူ့ကိုချစ်ပေးနေတာကို သူသိခဲ့တယ်။

မျက်နှာကို ပွတ်သပ်ပြီးနောက် လေကောင်းလေသန့်ရှုဖို့ရာ အပြင်ကို ထွက်လာတဲ့အခါမှာတော့ ကျန်းချူနမ်ကလည်း  သူ့နောက်ကနေ လိုက်လာပြီးတော့ နောက်ပြောင် တော့တယ် ။

" မင်းကို ဘယ်သူကမှ ဂရုမစိုက် ပါဘူးလို့မင်းပဲ ပြောခဲ့တယ်နော်။ အခုချိန်မှာ မင်းကို ဂရုစိုက် ပေးတဲ့သူတွေက ၅ ၊၆ ၊၇ ၊၈ ယောက်လောက် ရှိနေပြီမဟုတ်လား။ မင်းပျော်နေရဲ့လား''

ကျန်းရှုက သူ့ကိုဘာမှ ပြန်ပြောမနေတော့ပဲ အခန်းထဲကိုသာ လှမ်းအော်လိုက်တော့တယ်။

" အန်တီ ပိုင်ယု ရေ ကျွန်တော့် အဖေဆေးလိပ်သောက်နေတယ်ဗျ ''

တိုင်ပြီး သိပ်မကြာခင် မှာပဲ အခန်းထဲကနေ ကွမ်ယုပိုင်ရဲ့ အော်သံအကျယ်ကြီးကို ကြားလိုက်ကြရတော့တယ်။

" ညီကိုနမ်ရေ ရှင်သာ ရှုရှုရှေ့မှာ ဆေးလိပ်သောက် ရဲတယ်ဆိုရင် ရှင်သေပြီပဲ ''

" သူက ကိုယ့်ကို လိမ်ပြောပြီး အနိုင်ကျင့်နေတာကွ''

အခန်း ထဲက လူတိုင်းက ရယ်မောလိုက်ကြတယ်။ ထိုတစ်ခဏမှာပဲ လူတိုင်းက ကျမ်းရှုဟာ သူ့အဖေနဲ့မတည့်ဘူး ဆိုတာကို သဘောပေါက်လိုက် ကြတော့တယ်။ ဒါပေမယ့် ကျန်းရှုအချစ်ဆုံးကတော့ သူ့အဖေဖြစ်တယ်ဆိုတာကို လူတိုင်းသိကြပါတယ်။

လူသားတွေက ဘယ်လောက်တောင် ထူးဆန်း တဲ့ သတ္တဝါမျိုးတွေလည်းကွာ။

" ဒီလိုမျိုး ဖြစ်တာက မင်းလေးတစ်ယောက်ထဲ အထူးသီးသန့် ကြီးဖြစ်နေတာ မဟုတ်ပါဘူး ကွာ''

လူတိုင်းပြန်သွားပြီးတဲ့နောက် ကျန်းရှုနဲ့ ရှုပေါ်စု တို့က အစောကအကြောင်းတွေကို ပြန်ပြောရင်းနဲ့ ရယ်မောနေကြတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now