Chapter (36.1)

3.1K 430 3
                                    

[Unicode] (36.1)

အချိန်အတော်ကြာပြီး သည်အထိကို ကျန်းရှုက အသံတစ်သံမှ မထွက်ခဲ့ပါပေ။ ဘာလို့လဲ ဆိုတော့ သူက အကြောင်းအရာ တစ်ချို့ကိုတွေး နေခဲ့လို့ပဲ ဖြစ်တယ်။

ဘယ်အကြောင်းပြ ချက်ကများ ဒီအခန်းကို သန့်ရှင်းရေးလုပ်ရတာ နှစ်သက်တဲ့ အမျိုးသား ကိုသန့်ရှင်းရေး မလုပ်အောင် တားဆီးနိုင်ပါ့မလဲ?

အမှန်တကယ်တော့ အဖြေက အရမ်းကိုရိုးရှင်း ပါတယ်။ တကယ်လို့သူသာ မနက်ဖြန်ကျရင် အတူတူ လျောက်လည်ဖို့ရာ ခေါ်လိုက်ပါက ရှု မိန်းမချစ် ပေါ်စုက သေချာပေါက်  ထွက်လာမှာပဲ ဖြစ်တယ်။

ဒါပေမယ့် အပြင်ကို ထွက်လည်ကြမယ်ဆိုတဲ့ အဓိပ္ပာယ် က သူတို့တွေ အပြင်မှာ တစ်ခုခု လုပ်ကြမယ်လို့ပြော တာပဲမဟုတ်ဘူးလား။

တကယ်လို့ သူနဲ့ ရှုပေါ်စု ကြားမှာ လျောက်လည်ရင်း တစ်ခုခုလုပ်ကြ ပါပြီတဲ့ အဲ့အခါကျရင်သူ ခက်ခက်ခဲခဲ ဖုံးကွယ်ထား တဲ့အကြောင်းက ရှင်းရှင်း ကြီးပေါ်လာမှာလေ။

" ဘာဖြစ်လို့လဲ ကွ''

အချိန်အတော်ကြာထိ သူ့မိန်းမလေး ဘက်က အသံကို မကြားရတော့တာကြောင့် ရှုပေါ်စု က ရယ်ကာပြောလိုက်တယ်။

" ဒီနေ့ အစောကြီးကျမှ ကိုယ်အိပ်ငိုက်နေပြီရော''

"ဘာမှမဟုတ်တော့ဘူး ''

ကျန်းရှုရဲ့ အတွေးတွေ ထဲမှာ​တော့ သူက ရှုပေါ်စုကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို တွက်ချက်နေခဲ့တယ်။

" အဲ့ မိသားစု ထဲက လူတွေကလေ။ မင်းကိုဘယ်လို ဆက်ဆံကြသလဲ''

ရှုပေါ်စုက မေးလိုက်တယ်။

" အတော်လေး ကောင်းပါတယ် ''

ကျန်းရှုက ရိုးရှင်းစွာ နဲ့ဆက်ပြောတယ်။

" ကွမ်ယိရွှမ် က လူကောင်း တစ်ယောက် ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပထမတွေ့တဲ့ အချိန်တုံးကဆိုရင် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့သေးတယ်''

" ဘာဖြစ်လို့လဲ ''

ရှုပေါ်စုက ချက်ချင်း မေးတယ်။

" နားလည်မှုလွဲတာလေ''

ကျန်းရှုက ဒါနဲ့ ပတ်သက် ပြီးအများကြီး မပြောခဲ့ဘူး။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now