Chapter (41.2)

3.1K 397 4
                                    

[Unicode ](41.2)

သူတို့ညနေခင်း အချိန် အိမ်ပြန် ရောက်ရောက်ချင်း မှာပဲ ရှုပေါ်စုရဲ့ မိခင်က ကျန်းရှုသောက်ဖို့ရာစွပ်ပြုတ်  အဆင်သင့် ဖြစ်နေပြီလို့ပြောတဲ့အတွက်တော့ ၂ယောက်လုံးထိုင်ကာ ကျန်းရှုကို ရှုပေါ်စု က စွတ်ပြုတ် တိုက်လေတော့တယ်။

ကျန်းရှုတစ်ယောက် အရမ်းကိုဆာလောင်နေတာကြောင့် ပါးစပ်နဲ့ အပြည့်၂ လုပ်လောက်စားပြီးတဲ့ အခါမှာတော့ ငါး အညှီနံကြီး ရလာတာကြောင့် ပျို့အန်ချင်သလို ဖြစ်လာကာ ပါးစပ် ကိုလက်နဲ့ ဖုံးဖိထားလိုက်ရတယ်။

" မတားနဲ့ အန်လိုက် အန်လိုက်နော်။ ဒီမှာအန်ချလိုက်''

ရှုပေါ်စုကချက်ချင်းပဲ ပန်းကန်လုံးလေးကိုဆွဲယူကာ သူ့ဇနီးအန်ချလိုက်ဖို့ ပေးလိုက်တယ်။

ကြီးကြီးမားမား အော့အန်ပြီးတဲ့နောက်မှာတော့ ကျန်းရှုက အားပျော့နေကာ မဒမ်ရှုကို တုန်လှုပ်စွာနဲ့ မေးလိုက်တယ် ။

" ဒီစွပ်ပြုတ် ထဲမှာဘာတွေကို ထည့်ထားတာလဲ? "

မဒမ်ရှု က လည်းအားနာစွာနဲ့ ပြန်ဖြေခဲ့တယ်။

" ငါက အဲ့ထဲကို ပင်လယ်မျော့လေးထည့်ချက်ရုံပါ''

သူမကိုယ်ဝန်ဆောင်တဲ့ အချိန်တုံးကလည်း အဲ့တာစားပေမယ့် ဘာမှပျိို့အန်တာတွေ မရှိဘူးလေ။ ဒါကြောင့်လဲ ကျန်းရှုစားတဲ့ အခါဒီလောက်ထိဆိုးဆိုးဝါးဝါး တုံ့ပြန်မယ်လို့ သူမမထင်ထားခဲ့ဘူးလေ။

" နောက်ဆို ကျွန်တော် ပင်လယ်စာတွေကို ထိဖြစ်တော့မှာ မဟုတ်လောက်ဘူး ဗျ''

ရှုပေါ်စုက ကျန်းရှုဆီကို ရေသန့်တစ်ခွက် ခပ်ပေးပြီးတော့ ပါးစပ်နားကို တစ်သျှုး အစိုနဲ့သုတ်ပေးခဲ့တယ်။ ပြီးတော့ မတွေးတောနိုင်စွာနဲ့ မေးလိုက်တယ် ။

" နောက်ဆုံး တစ်ခေါက်က ကိုယ်မင်းကို ငါးစွပ်ပြုတ် ချက်ပေးခဲ့သေးတယ်လေ။ အဲ့တုံးက ဘာလို့မပျို့အန်တာလဲဟင်?''

" ခများကြီး ချက်ပေးတာ ဘယ်အချိန်တုံးကလဲ ။ ''

ကျန်းရှု တစ်ယောက် မမှတ်မိလုနီးပါးပဲ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now