Chapter (30.1)

3.3K 422 1
                                    

[Unicode ](30.1)

ဒါပေမယ့် ရှုပေါ်စုက သူဘာပြောချင်နေသလဲဆိုတာကို တော့ ကောင်းကောင်းကြီးကို နားလည်နေပါသေးတယ်။

လူတစ်ဦး ကအကန်းမှ မဟုတ်ရင် မင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံသလား မဆက်ဆံ ဘူးလားဆိုတာကိုမြင်နိုင်တယ်လေ။

မင်းက ငါ့အပေါ်ကို ကောင်းကောင်း ဆက်ဆံပေးမှ ငါလည်း မင်းကို ကောင်းကောင်း ဆက်ဆံပေးမှာပေါ့။

ဒါက သဘာဝတရား ပဲလေ။

အင်း....ခွေးတစ်ကောင် ရဲ့လျှာနဲ့ လျက်ခြင်းခံရတာတော့ မပါဘူးပေါ့လေ။

" ကျွန်တော် အဆင်ပြေပါတယ် ဗျာ''

အိပ်ယာပေါ်က လူ ၂ ယောက်ရဲ့ လက်ချောင်း တွေက အချင်းချင်း ဆုပ်ကိုင် ပေးထားကြတယ်။ လက်တစ်ခုက ကြီးပြီးတော့ တစ်ဖက်က သေးတယ်။ ဒါပေမယ့် လက်၂ ခုလုံးက ဖြူဖွေးနေတဲ့ လှပတဲ့ လက်တွေပဲ ဖြစ်တယ်။

( ရည်စားရှိတဲ့ သူတွေကိုင်နည်းကို သိတယ်ဟုတ်😗 )

ရှုပေါ်စုက သူတို့ရဲ့တွယ်ချိတ် ထားတဲ့ လက်ချောင်း လေးတွေကို ကြည့်ပြီး တစ်ခဏ တွေးမိသွား တယ်။

သူ့ ကျန်းစတော်ဘယ်ရီ လေးရဲ့ လက်ချောင်းမှာ လက်စွပ် လေးတစ်ကွင်းလောက် စွပ်ထားရင် ပိုပြီး ကြည့်လို့ မကောင်းဘူးလား။

"ခများ အိပ်ငိုက်နေတာ လား?''

ကျန်း ပြင်းထန်ဒေါသ ရှုက ခါတိုင်းဆို ယင်ကောင်လို တဝီဝီမြည်ပြီး လိုက်ကပ်နေတက်တဲ့ ရှု ယင်ကောင် ပေါ်စုကို တစ်ချက်ကြည့်လိုက် တယ်။

အဲ့လူက သူတို့ရဲ့ ချိတ်ထားတဲ့ လက်တွေကို စိုက်ကြည့်နေတာကိုတွေ့လိုက်ရတော့ ဒီလူက သူ့ရဲ့ လက်ချောင်းလှလှလေး တွေကို အစောကပြောတဲ့ ခွေးလေးလိုမျိုး လျက်ချင်နေတာလား?

ဒါဆို ရှုပေါ်စုက လက်လှလှလေးတွေကို ကြိုက်တက်တဲ့ ဆိုက်ကိုသမားကြီးမားလား  ??

" ခများကြီး ဘာထိုင်လုပ်နေတာလဲ?  အိပ်ယာမဝင်ခင် ရေအရင်သွားချိုးစမ်းပါ ''

" ကိုယ် ညစာ မစားရသေးဘူးလေ။ ''

ရှုပေါ်စုက အိပ်ယာပေါ်က နေထ ထိုင်ကာ အစောက ကျန်းရှုလုပ်ထားတဲ့ ပွနေပြီ ဖြစ်တဲ့ဆံပင်တွေကို ပြန်သပ်ချနေ ခဲ့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now