Chapter (35.1)

3.1K 401 9
                                    

[Unicode] (35.1)

ရှုမိသားစု အတွင်းမှာတော့ ရှုပေါ်စု ရဲ့ လှုပ်ရှားမှု မရှိတာ အတော်ကြာ နေပြီပဲ ဖြစ်တယ်။ ဒါပေါ့ ရှုမိသားစု ကလည်း အလျင်လိုလာပြီပဲ ဖြစ်တယ်။

မစ္စ ရှုက လုံးဝ စိတ်မရှည် တော့ပါပေ ။ ဒီတစ်ပတ်ထဲမှာ ပဲ တတိယအကြိမ်မြောက် ထမင်းစားပွဲ ဝိုင်းမှာ ရှုပေါ်စုရဲ့ အကြောင်းကို ပြောလာခဲ့တယ်။

" ထင်ရှောင်း ။ ကျွန်မ တို့သူ အခုဘာလုပ်နေလဲ ဆိုတာကို သိရဖို့ တစ်ယောက် ယောက် ဆီကနေ စုံစမ်း ကြရအောင် လေ''

" ကောင်းပြီလေ ''

ရှုထင်ရှောင်းလည်း ဆက်ပြီး အငြိမ်မနေနိုင်တော့ပါပေ။

" ငါ မနက်ဖြန် ကျရင် သူ့အကြောင်း ကို တစ်စုံ တစ်ယောက် ဆီမှာ စုံစမ်းလိုက် မယ်။''

နောက်နေ့မှာတော့ တစ်ကယ်ကြီး ရှုထင်ရှောင်းလည်း သူ့သားအကြောင်းကို သိရဖို့ တစ်စုံတစ်ယောက် ဆီကို သွားကာ စုံစမ်းခဲ့တယ်။

ပြောရရင် ရှုပေါ်စုက သူ့ရဲ့သားလေ။ ဒီတော့ သူ့သားက ဘယ်လိုစိတ်နေသဘောထား ရှိသလဲ ဆိုတာကို သူ နားလည်နေသေးတယ်။

ရှုပေါ်စု တစ်ယောက်  အိမ်ကနေ ထွက်သွား ကတည်း က သူသိလိုက်ပြီ။ သူ့သားက စီးပွားရေး အရ အိမ်ထောင်ရေးနဲ့ စေ့စပ်ပွဲကို မလိုချင်ပဲ လုံးဝကြီး တိုက်တွန်းဖို့လည်း ဘယ်တော့ မှမဖြစ်နိုငိဘူး ဆိုတာကို သူသဘောပေါက်သွားတယ်။

ပြီးတော့ အိမ်ကနေ ထွက်သွား ပြီးတဲ့နောက် သူ့သားက မူရင်းမေဂျာ ဆီကိုကျောင်းပြန်တက်ကာ သွားလောက်တယ်လို့ ခန့်မှန်းမိလေတယ်။ ဒါက အဖြစ်နိုင်ဆုံး ပဲ။ ဒါကြောင့် သူက သူ့သားရဲ့ သင်တန်းနည်းပြ တွေထဲက တစ်ယောက် ဆီမှာ စုံစမ်း လိုက်လေတယ်။ နောက်တော့ သူ့သားက အခုတလော ဓာတ်ခွဲခန်း တစ်ခု မှာအလုပ်ဝင်လုပ်နေတာကို သိလိုက်ရတယ် ။

" ပရော်ဖက်ဆာလီ ခမျာ မင်္ဂလာ ပါ''

ရှုထင်ရှောင်းက သူ့ကိုယ်သူ အရင်ဆုံး ကောင်းစွာမိတ်ဆက် လိုက်တယ်။

" ကျွန်တော် က ပေါ်စုရဲ့ အဖေပါ။ သူက ခများရဲ့ ဓာတ်ခွဲခန်း ထဲမှာ အလုပ်ဝင်လုပ်နေတယ် ဆိုလို့လေ။ အခုအတောအတွင်း မှာသူ့ကို ဂရုစိုက် ပေးထားတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now